အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ကတစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည် မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟု မှတ်တော်မူပါ။
အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခုဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာနှင့် ဘိက္ခုနီသံဃာက တစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည်မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟုမှတ်တော်မူပါ။
အသျှင်ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက်ဘိက္ခုသံဃာ ဘိက္ခုနီသံဃာနှင့် ဥပါသကာတို့က တစ်ဖက် ဖြစ်ခဲ့မူ အကျွန်ုပ်သည်မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ကြည်ညိုသူ’ဟု မှတ်တော်မူပါ။
အသျှင် ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခု ဖြစ်ပေါ်၍မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ဘိက္ခုနီ သံဃာ ဥပါသကာနှင့် ဥပါသိကာမတို့က တစ်ဖက်ဖြစ်ခဲ့မူ အကျွန်ုပ်သည် မြတ်စွာဘုရားဖက်၌သာ ဖြစ်ပါ အံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ‘ဤသို့ ကြည် ညိုသူ’ဟု မှတ်တော်မူပါ။
အသျှင် ဘုရား ငြင်းခုံမှုအကြောင်း တစ်စုံတစ်ခုဖြစ်ပေါ်၍ မြတ်စွာဘုရားက တစ်ဖက် ဘိက္ခုသံဃာ ဘိက္ခုနီ သံဃာ ဥပါသကာ ဥပါသိကာမတို့နှင့် နတ်မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောကက တစ်ဖက် ဖြစ်ကြလျှင် တပည့်တော်သည် မြတ် စွာဘုရားဖက်၌သာ ဖြစ်ပါအံ့၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ‘ဤသို့ ကြည်ညိုသူ’ဟု မှတ်တော်မူပါဟု လျှောက်၏။


Leave a Reply

Your email address will not be published. Required fields are marked *