ကျွန်တော်တို့ စိတ်ဆင်းရဲရတဲ့ အဓိကအကြောင်းရင်းက “ငါ့အလိုအတိုင်း ဖြစ်ရမယ်” ဆိုတဲ့ အစွဲကြောင့်ပါ။
ရာသီဥတုပူလို့၊ ကားပိတ်လို့၊ လူတွေက ကိုယ်ထင်သလို ဆက်ဆံမပေးလို့… စတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ စိတ်ညစ်ကြတယ်။ တကယ်တော့ အပြင်လောကကြီးက သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေတာပါ။ ကျွန်တော်တို့ကို ဒုက္ခပေးချင်လို့ ဖြစ်နေတာ မဟုတ်ပါဘူး။
ပြဿနာက အပြင်မှာ မဟုတ်ဘဲ၊ “ငါ ထင်သလို ဖြစ်ရမယ်” ဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက် (ဒိဋ္ဌိ) မှာ ရှိနေတာပါ။ အဲဒီ မျှော်လင့်ချက်ကို ဖယ်လိုက်ရင် “ပြဿနာ” ဆိုတာ မရှိတော့ဘဲ “ဖြစ်ရပ်” တစ်ခုအနေနဲ့ပဲ ကျန်ပါတော့တယ်။
ဆင်းရဲတယ်ဆိုတာ အခြေအနေဆိုးလို့ မဟုတ်ပါဘူး။ အရှိတရားကို လက်မခံနိုင်တဲ့ စိတ်ကြောင့်သာ ဖြစ်ရတာပါ။
ဒီနေ့ တစ်ခုခု စိတ်တိုင်းမကျဖြစ်တိုင်း “ဒါ သူဖြစ်သင့်လို့ ဖြစ်နေတာလား၊ ငါက ငါ့အလိုကို ရှေ့တန်းတင်နေမိတာလား” လို့ ဆန်းစစ်ကြည့်ပါ။
ဒီနေ့အတွက် အမေး- လောကကြီးက ငါ့စိတ်တိုင်းကျ ဖြစ်ပေးဖို့ တာဝန်ရှိလို့လား


Leave a Reply