ကျနော် တရားပြတဲ့အလုပ်ကို လူပုဂ္ဂိုလ် ၆ ယောက်လောက်ကို တယောက်ချင်းစီ လုပ်ပေးနေပါတယ်။ အဲဒီထဲကမှ ဒီတပါတ်အတွင်း တရားပြဖြစ်တဲ့ သူ (တရားအားထုတ်သူ အနှောက်အယှက်ဖြစ်မှာ စိုးလို့ နာမည်ကို ကိုနိုင်လို့ပဲ ပေးထားလိုက်ပါတယ်) တယောက် နဲ့ ပထမဆုံး နေ့အနေနဲ့ တရားပြတာကို မိတ်ဆွေများ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီး တရားပြခံရသလို နားလည်မယ် ဆိုရင်တော့ အကျိုးများမယ်လို့ မျှော်လင့်ပါတယ်။
ကျနော်။ ။ နားလည်တယ်နော်။ အဲ့ဒီတစ်ခုချင်း တစ်ခုချင်းဆီက ဒုက္ခဆိုတာဘာကိုပြောတာလဲဆိုတော့ ဒီတစ်ခုချင်း တစ်ခုချင်းဆီကို ပြောတာ။ ဒုက္ခဆိုတာအတွဲလိုက် စီကိုပြောတာမဟုတ်ဘူး။ ဒီမြောက်ချင်စိတ်က ဘာဖြစ်လဲ။ ဖြစ်ပြီးပျက်တယ်။ အဲဒီတော့ အဲဒါတွေက ဘာဖြစ်လဲဆိုတော့ စက်ဆုပ်စရာလည်း ကောင်းတယ်။ အသုံးလည်းမကျဘူး။ သူကလည်း အဲ့လိုပဲ စက်ဆုပ်စရာလည်း ကောင်းတယ်။ အသုံးလည်းမကျဘူး။ သူကလည်း စက်ဆုပ်စရာလည်း ကောင်းတယ်။ အသုံးလည်းမကျဘူး။ ဒီရုပ်လှုပ်ရှားမှု ဒါကလည်း စက်ဆုပ်စရာကောင်းတယ် အသုံးမကျဘူး။ အဲ့လိုပြောတာ။ ဟုတ်ပြီလား။ ရမယ်နော်။ အဲ့တော့ ကျွန်တော်တို့က ဒီနေရာမှာတစ်ခါတည်း တစ်ခုပြောချင်တယ်။ ဘာကိုပြောချင်လဲဆိုတော့ သင်္ခါရဆိုတာ ပြောချင်တယ်။ ဒီမှာသင်္ခါရဆိုတာက တကယ့်တကယ်က သင်္ခါရက္ခခန္ဓာလို့ခေါ်တယ်။ ဟုတ်လား။ ပထမတစ်မျိုးက သင်္ခါရကခန္ဓာကိုပြောတာ။ သုံးမျိုးရှိတယ်။ ဟုတ်လား။ သင်္ခါရ၊ သင်္ခါရလို့ပြောလိုက်ရင် သင်္ခါရမှာသုံးမျိုးရှိတယ်။ အဲ့ဒါနည်းနည်းရှုပ်မှာ ပထမတခုက သင်္ခါရက္ခန္ဓာ။ သူ့ကိုလည်း တခါတလေကျရင် သင်္ခါရဆိုတဲ့စကားလုံးနဲ့ပဲ သုံးပြောတယ်။ သင်္ခါရလို့ပြောလိုက်လို့ရှိရင်ဒီမှာ ဝေဒနာ၊ ဝိညာဏ်၊ သညာ၊ သင်္ခါရ လို့ပြောလိုက်တယ်။ အဲ့တာဆိုလို့ရှိရင် အဲ့ဒါဘာကိုဆိုလိုတာလဲဆိုတော့ သင်္ခါရက္ခခန္ဓာကိုဆိုလိုတာ။ ဟုတ်ပြီနော်။ နောက်တစ်ခု သင်္ခါရကျတော့ဘာဖြစ်လဲဆိုတော့ အကြောင်းကြောင့်ဖြစ်သော အကျိုးတရားများကို သင်္ခါရလို့ ခေါ်တယ်။ ဥပမာ အခုလက်မြှောက်ခြင်းမှာ မြောက်ချင်စိတ်သည် ရှေ့မှာအကြောင်းတစ်ခုခုရှိလို့ တယောက်ယောက် က မြှောက်ပါလို့ ပြောလို့ဖြစ်လာတဲ့ အကျိုးတရားမဟုတ်ဘူးလား။
အဲ့တော့ သူသည် သင်္ခါရတရား သင်္ခါရဆိုတာသည် ဘာလဲဆိုတော့ အကြောင်းကြောင့်ဖြစ်သော အကျိုးတရား အကြောင်းကြောင့်ဖြစ်သော အကျိုးတရား အဲ့တာက အရေးကြီးတယ်။ အဲ့တာကိုသိဖို့လိုတယ်။ အဲ့တာကကျွန်တော်တို့ရှု့ရမှာ ဒါတွေကိုရှုရမှာ ဒါဖြင့် အဲ့ဒါကလည်းရှိသမျှအကုန်။ ဆိုလိုတာက ဒီစိတ်သည် အကြောင်းဖြစ်သော အကျိုးတရားဖြစ်တယ်။ သူသည် သင်္ခါရတရား သူ့ကြောင့်မို့လို့ သူသည်အကြောင်းဖြစ်ပြီး တော့ မဖြစ်မနေ မြှောက်ချင်တာ အကျိုးမဟုတ်ဘူးလား အဲ့တော့ မဖြစ်မနေမြှောက်ချင်တာ အကြောင်းကြောင့်ဖြစ်သော အကျိုးတရား မဟုတ်ပြန်ဘူးလား အဲ့တော့ သူသည်လည်း သင်္ခါရတရား ဟုတ်လား ပြီးရင်မြှောက်လိုက်တဲ့စေတနာ သူသည် မဖြစ်မနေမြှောက်ချင်စိတ် အကြောင်းဖြစ်တဲ့ အကျိုးတရားမဟုတ်ဘူးလား သူသည်လည်း သင်္ခါရတရား အဲ့တော့ အဲ့ဒါကြောင့်ဖြစ်တဲ့ ရုပ်လှုပ်ရှားမှု ရုပ်မှာလေရုပ်ဖြစ်သွားတယ် အစရှိသဖြင့် ဖြစ်လာတယ်ဆိုတဲ့ကိစ္စတွေ အဲဒီရုပ်ရဲ့ကိစ္စတွေ အဲဒီရုပ် သည်လည်း အကြောင်းကြောင့်ဖြစ်သော အကျိုးမဟုတ်ဘူးလား။ အဲ့တော့သူသည်လည်း သင်္ခါရတရား အကြောင်းဖြစ်သော အကျိုးမှန်သမျှကို ကျွန်တော်တို့က ဘာလို့ခေါ်လဲဆိုတော့ သင်္ခါရတရားလို့ခေါ်တယ်။ အဲ့ဒါကတော့အရေးကြီးဆုံးပဲ။ အဲ့တာကိုကြည့်ရမယ်။ အဲ့တော့ကျွန်တော်တို့က ဘာပြောလဲဆိုတော့ အနိစ္စ ဒုက္ခ အနတ္တ ကိုထပ်ပြီးပြောလို့ရှိရင် ဘာပြောလဲဆိုတော့ သဗ္ဗေ သင်္ခါရ အနိစ္စ တဲ့။ ဟုတ်လား။သဗ္ဗေ သင်္ခါရ အနိစ္စတဲ့။ သဗ္ဗေ ဆိုတာ အလုံးစုံသော သင်္ခါရ သင်္ခါရတရားတို့သည် သင်္ခါရတရားဆိုတာအကြောင်းကြောင့် ဖြစ်သောအကျိုးတရား။ ဘာကိုဆိုလိုတာလဲ။ ရုပ်နဲ့နာမ်ကို ဆိုလိုတာ ဟုတ်လား။ ရုပ်နာမ်ကိုပဲပြောတာ အဲ့တော့ သဗ္ဗေအလုံးစုံသော သင်္ခါရာ သင်္ခါရတရားတို့သည် ရုပ်နာမ်တရားတို့သည် ဘာဖြစ်လဲ အနိစ္စမမြဲဘူးတဲ့ ဖြစ်ပြီးပျက်တယ်တဲ့ အဲ့တော့ သဗ္ဗေ သင်္ခါရာ ဒုက္ခာ တဲ့ သဗ္ဗေအလုံးစုံသော သင်္ခါရာ သင်္ခါရတရားတို့သည် ရုပ်နာမ်တရားတွေကိုပဲ ပြောတာ ဒုက္ခတဲ့ တစ်ခုချင်းစီကို ပြောတာ အလုံးစုံ ရှိရှိသမျှ အကုန်လုံးသော သင်္ခါရတရားမှန်သမျှသည် စက်ဆုပ်စရာ အသုံးမကျဘူးတဲ့ဟုတ်လား ပြီးတော့ သဗ္ဗေ ဓမ္မာ အနတ္တာ တဲ့ အဲ့ သင်္ခါရတရား အပြင် နိဗ္ဗာန်ဆိုတာကြတော့ ကျွန်တော်တို့က ဒီသင်္ခါရတရားတွေက ဘာဖြစ်လဲဆိုတော့ အမြဲပြန် ပြီး ဖြစ်နေတယ်။ ဟုတ်လား။ စက်ဆုပ်စရာအသုံးမကျတဲ့အရာ။ ကိုယ်လည်းမဟုတ်ဘူး။ အဲဒီတော့ အဲ့ဒါဘာဖြစ်လဲဆိုတော့ ဒုက္ခသစ္စာဖြစ်တယ်။ ပူလောင်နေတယ်။ ဟုတ်လား။ ဒုက္ခဖြစ်တယ်။ ဆင်းရဲခြင်းဖြစ်တယ်။ ဆိုတော့အဲ့ဒီဟာတွေနဲ့ ဆန့်ကျင်ဘက်ကကျတော့ နိဗ္ဗာန် ။ နိဗ္ဗာန်တရားက ကျတော့ ဒီရုပ်နာမ်တွေဟာ အိုခြင်း နာခြင်း ဒီသင်္ခါတရားတွေရှိနေလို့ရှိရင် သေခြင်းဆိုတာ ရှိလာတာ။ မွေးတယ်ဆိုတာရှိလာတယ်။ ဟုတ်လား။ ဇာတိပိဒုက္ခရှိတယ်။ ဇာရာပိဒုက္ခရှိတယ်။ မရဏပိဒုက္ခရှိတယ်။ ဟုတ်လား။ မွေးခြင်းကဒုက္ခ အိုခြင်းက ဒုက္ခ သေခြင်းက ဒုက္ခ မချစ်တဲ့သူနဲ့ အတူနေရခြင်း ဒုက္ခ ချစ်ခင်နှစ်သက်သူနဲ့ ကွဲရခြင်းကဒုက္ခ ရုပ်နာမ်ရှိနေရင် ဘာဖြစ်လဲဆိုတော့ ဒုက္ခဖြစ်နေပြီ အဲ့တော့ ကျွန်တော်တို့က အဲ့ဒုက္ခတွေရပ်သွားဖို့အတွက်ကို ကျွန်တော်တို့က ဘာကိုသွားရမလဲဆိုတော့ နိဗ္ဗာန်ကိုသွားရမယ်။ ဟုတ်လား။ နိဗ္ဗာန်ကကျတော့ ဘာဖြစ်လဲဆိုတော့ သင်္ခါရတရားတွေနဲ့ ဆန့်ကျင်ဘက် သူ့ကိုကျတော့ဘာလို့ခေါ်လဲဆိုတော့ ဝိသင်္ခါရတရားလို့ခေါ်တယ်။ အကြောင်းကြောင့်ဖြစ်သော အကျိုးမဟုတ်ဘူး။ လူတိုင်းမှာနိဗ္ဗာန်ရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့က ဘာလို့ခေါ်လဲဆိုတော့ နိရောဓသစ္စာ လို့ခေါ်တယ်။ အဲ့တော့ နိဗ္ဗာန်ကကျတော့ ဘာဖြစ်လဲဆိုတော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားမဟုတ်ဘူး။ အစောကြီးကတည်းကရှိတယ်။ အဲ့ဒီဟာကို ဘာကဖုံးနေလဲဆိုတော့ သင်္ခါရတရားဖြစ်တဲ့ ရုပ်နာမ်ကဖုံးနေတယ်။ ဟုတ်လား။ အဲ့တော့ အဲ့ဒီ သဗ္ဗေဓမ္မ အနတ္တာ ဆိုတာကျတော့ ဒီခန္ဓာသင်္ခါရတရားတွေရော နိဗ္ဗာန်ရော နှစ်ခုစလုံးက ကိုယ်မဟုတ်ဘူးတဲ့။ ကိုယ်ဆိုတာ ဘယ်တုန်းကမှမရှိဘူး။ ဘယ်တော့မှလည်း ရှိလာမှာ မဟုတ်ဘူးတဲ့။ ဒါကိုပြောချင်တာ။ အဲ့တော့ ကျွန်တော်တို့က ဘယ်ဆက်သွားမလဲဆိုတော့ အခု ဘာဖြစ်သွားပြီလဲဆိုတော့ နာမရူပ ပရိစ္ဆေဒ ဉာဏ် ပါဠိလိုပြောရင်တော့ နာမရူပ ပရိစ္ဆေဒ ဉာဏ် ပေါ့ဗျာ။ ရုပ်နာမ်ခွဲသိသောဉာဏ်ပေါ့။ နောက်တစ်ခုက ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာ အကြောင်းအကျိုး သိမ်းဆည်းသိသောဉာဏ်ပေါ့။ ဟုတ်လား။ ဒီနှစ်ခုကရသွားပြီ။ ပြီးရင် ဘာရသွားပြီဆိုတော့ သမ္မသနဉာဏ် ရသွားပြီ။ သမ္မသနဉာဏ် ဆိုတာပါ။ ဒါမှမဟုတ် အနိစ္စ ဒုက္ခ အနတ္တ ကို သိတဲ့ဉာဏ်ပဲ အဲ့တာလည်း ရသွားပြီ။ ဟုတ်ပြီလား။ အဲ့တော့ကျွန်တော်တို့က နောက်တစ်ခုကဘာလဲဆိုတော့ ဥဒယဗ္ဗယဉာဏ် လို့လည်း ခေါ်တယ်။ ယထာဘူတဉာဏ်လို့လည်း ခေါ်တယ်။ ဖြစ်ပျက်ရှု့တဲ့ကိစ္စ အဲ့ဒီကို ကျွန်တော်တို့ဆက်သွားမယ်။ ဟုတ်ပြီလား။ ရမယ်နော်။ ကျွန်တော်တို့က အခုက ကျွန်တော်တို့သေချာသိတယ်။ ရုပ်ကလည်းမမြဲဘူးဆိုတာသိတယ်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာလည်း သိတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးသိခြင်းက ကျွန်တော်တို့ဆီမှာ မခိုင်မြဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ မောဟရှိနေလို့ အဲ့တော့ အဲ့မောဟရှိနေတဲ့အတွက်ကြောင့် မလို့ အဲ့မောဟကိုပျောက်ဖို့အတွက်က ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ အမြဲတမ်းမှတ်သားနေတာက ငါကမြဲတယ်လို့မှတ်သားတယ် မနက်ကလည်း ငါပဲရှိတယ် အခုလည်းငါပဲရှိတယ်လို့ အမြဲမှတ်သားနေတဲ့ အခါကျတော့ ကျွန်တော်တို့အမှန်တရားကို မမြင်နိုင်ဘူးဟုတ်လား အမှန်တရားကို မမြင်နိုင်တဲ့အခါကျတော့ အမှန်တရားကိုမြင်နိုင်တဲ့ ကိစ္စဖြစ်အောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ ဖြစ်ပျက်ရှုရမယ် ဟုတ်ပြီလားနော် အဲ့တော့ ကျွန်တော်တို့က ဘာလဲဆိုတော့ အခုလက်ကိုမြှောက်မယ်ဆိုတဲ့ မြှောက်ချင်စိတ်ကလေး ကိုပဲထားလိုက် ခုနကပြောသွားတယ် လက်ကိုမြှောက်ချင်စိတ် သူသည် နာမ်တရားမဟုတ်ဘူးလား။ ဟုတ်တယ်နော်။ သူ့နောက်မှာ သတိလေးထားလိုက်တယ် လက်ကိုမြှောက်ချင်စိတ်ပေါ်လာပါလားလို့ သတိလေးထားလိုက်တယ် အဲ့သတိလေးထားလိုက်တဲ့အချိန်မှာ လက်ကိုမြှောက်ချင်စိတ်က ပျက်သွားပြီ မဟုတ်ဘူးလား မရှိတော့ဘူး လက်ကိုမြှောက်ချင်စိတ်ပေါ်တယ် သတိထားလိုက်တယ် အဲ့အချိန်မှာ လက်ကိုမြှောက်ချင်စိတ်က မရှိတော့ဘူး နောက်တစ်ခေါက်ထပ်ပေါ်လာတာ ဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် နဂိုဖြစ်ခဲ့တဲ့ လက်ကိုမြှောက်ချင်စိတ် ကတော့ မရှိတော့ဘူး စိတ်နှစ်ခုက တစ်ပြိုင်တည်း မှ မဖြစ်တာ ဖြစ်မှမဖြစ်တာ ဟုတ်လား လက်ကိုမြှောက်ချင်စိတ်ပေါ်လာတယ် သတိထားလိုက်တယ် လက်ကိုမြှောက်ချင်စိတ် ဆိုတာ မရှိတော့ဘူး အဲ့တော့ အဲ့ဒါဆိုလို့ရှိရင် လက်ကိုမြှောက်ချင်စိတ်လေးက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူးလား အဲ့တော့ ဖြစ်ပြီးပျက်သွားတယ်လို့ နှလုံးသွင်းရမယ် ဟုတ်ပြီလား ရလား နားလည်ပြီနော် ရိုးရိုးလေးပဲ ဘာမှမခက်ဘူး စကားပြောချင်စိတ်ပေါ်လာတယ် စကားပြောချင်စိတ်လေးကို သတိထားလိုက်တယ် သတိထားလိုက်ရင် အဲ့ဖြစ်စဉ်က ပျက်မသွားဘူးလား ပျက်သွားပြီး မဟုတ်ဘူးလား ဖြစ်ပြီးပျက်သွားတယ်လို့ သတိထားလိုက်မိတာ မဟုတ်ဘူးလား ဟုတ်လား အဲ့တော့ လက်ကိုမြှောက်ချင်စိတ်လေး ရှိတယ် သတိထားလိုက်တယ် ပြီးလို့ရှိရင် အဲ့ဒါလေးက ဖြစ်ပြီးပျက်သွားတာပါလား လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး လို့ရှိရင် ဟုတ်တယ် အဲ့ဒါကဖြစ်ပြီးပျက်တာပဲလို့ နှလုံးသွင်းတယ် သဘောပေါက်လား ဟုတ်ပြီနော် အဲ့တာကိုကျွန်တော်တို့က ဘာကိုခေါ်လဲဆိုတော့ လက်ကိုမြှောက်ချင်စိတ် ဆိုတာက စိတ်မဟုတ်ဘူးလား စိတ် အဲ့ဒီစိတ်ကို ကျွန်တော်တို့က သတိထားပြီးတော့ အမှန်အတိုင်းကြည့် ဖြစ်ပျက်နေတာပဲဆိုတာ အမှန်တရားမဟုတ်ဘူးလား အဲ့ဒီအမှန်တရား မြင်အောင်လုပ်တာကို ကျွန်တော်တို့က တရားအားထုတ်တယ်ခေါ်တာ သမ္မာဒိဌိ ဖြစ်အောင်လုပ်တယ် ခေါ်တာပဲ။ ဟုတ်ပြီလား။ ရမယ်နော်။ အဲ့တော့ ကျွန်တော်တို့က ဘာရှိလဲဆိုတော့ ဘာတွေကိုရှုရမှာလဲဆိုတော့ ရှုရမှာ စိတ်က ၁၄ မျိုးရှိတယ်။ ဟုတ်လား။ မြင်စိတ်၊ ကြားစိတ်၊ ၁၄မျိုးဖြစ်ဖြစ်၊ ၁၃မျိုးဖြစ်ဖြစ်ရတယ်။ အဲ့တာက ပြဿနာမရှိဘူး။ မြင်စိတ်ရှိတယ်။ မြင်စိတ်ဟုတ်လား။ မြင်စိတ်ဆိုတာ နည်းနည်းရှင်းပြမယ်။ မြင်စိတ်ပေါ့။ မြင်စိတ်ဆိုတာ ဒီအရာ၀တ္တုတစ်ခုကို ခင်ဗျားကမြင်တယ်ပေါ့။ ခင်ဗျားအရာဝတ္တုတစ်ခုကို မြင်တယ်ဆိုတာ အလင်းရောင်ရှိလို့မြင်တာမဟုတ်ဘူးလား။ အလင်းရောင်ဆိုတာ အလင်း ဖိုတွန်လေးတွေ မဟုတ်ဘူးလား။ အလင်းဖိုတွန်က ဒီအရာဝတ္တကို လာတိုက်လိုက်တယ် မဟုတ်ဘူးလား။ တိုက်လိုက်ပြီးတော့ အဲဒီအလင်းဖိုတွန်လေးက မျက်စိကိုလာထိတာမဟုတ်ဘူးလား။ ဟုတ်တယ်နော်။ မျက်စိကို ဖိုတွန်တစ်ခုလာထိတဲ့အချိန်မှာ မြင်စိတ်တစ်ခါမဖြစ်ဘူးလား။ အဲဒီဖိုတွန်က ထိပြီးသွားတဲ့အခါမှာ အဲ့မြင်စိတ်ကပျောက်သွားတာ မဟုတ်ဘူးလား။ နောက်တစ်ခုထပ်ထိတဲ့အခါ နောက်ထပ်မြင်စိတ်တစ်ခု ထပ်ဖြစ်တာမဟုတ်ဘူးလား။ အဲ့တော့မျက်စိမှာ မြင်တယ်ဆိုတာ အဆက်မပြတ် ဖြစ်နေတာမဟုတ်ဘူးလား။ အဲ့ဒါက အလင်း က ၁သိန်း ၈သောင်းမိုင် နဲ့သွားနေတော့ အရမ်းမမြန်ဘူးလား။ မြန်တဲ့အခါ ကျွန်တော်တို့ခွဲခြား မြင်ဖို့မဖြစ်နိုင် ရင် တောက်လျှောက်ကြီးပဲ မြင်တယ်လို့ဖြစ်တာ မဟုတ်ဘူးလား ဟုတ်တယ်မလား အဲ့တော့ အဲ့ဒါသည်မြင်စိတ် မြင်စိတ်ကလည်းဖြစ်ပြီးပျက်နေရတယ် ဒါကိုကြည့်ရမယ် ဟုတ်ပြီနော် နောက်တစ်ခုက ကြားစိတ် ဟုတ်လား ကြားစိတ်ဆိုတာက အသံကြားတဲ့စိတ် ဟုတ်ပြီနော် အသံကြားတဲ့စိတ်ဆိုတာလည်း တကယ့်တကယ်က အသံလှိုင်းလေးတွေ မဟုတ်ဘူးလား ကျွန်တော်ဘက်က စကားပြောတယ်ဆို လေကိုရိုက်သွားတယ် မဟုတ်ဘူးလား အဲ့လေကိုရိုက်ရိုက်သွားတဲ့လေက ဒီအဆင့်ဆင့် သွားရင်းနဲ့ နာစည် နားမှာရှိတဲ့ လေကို သွားရိုက်တဲ့အခါကျတော့ အဲ့လေက လှုပ်ရှားမှုဖြစ်သွားတယ် မဟုတ်ဘူးလား အဲ့ဒါ တွေ လုပ်သွားတဲ့အခါကျတော့ ကြားမှုလေး တစ်ခုပေါ်မလာဘူးလား။ ကြားမှုလေးတွေကို ဆက်ဆက်ပြီး အရမ်းမြန်တဲ့အခါမှာ အဲ့ကြားမှုတွေ ကိုအဓိပ္ပာယ်ဖွင့်တာ မဟုတ်ဘူးလား။ သဘောပေါက်လား။ အဲ့ဒါသည်ကြားစိတ်ပေါ့။ ကြားစိတ်တွေ တကယ်တကယ်ကြားမှု ကြားစိတ်ဆိုတာလေးက ကြားမှုလေးတွေပေါ့။ သေးသေး လေးတွေပေါ့။ ဟုတ်လား။ အသံကို ကွန်ပြူတာနဲ့လုပ်လည်း ရတယ်။ ဟုတ်တယ်မလား။ ဥပမာ လူအသံထွက်အောင် လုပ်လို့ရတာပေါ့။ ဟုတ်တယ်မလား။ အဲ့တော့အသံထွက်အောင် လုပ်လို့ရတဲ့ကိစ္စရှိနေတဲ့ အခါကျတော့ အဲ့တာလေး တစ်ခုချင်း တစ်ခုချင်းစီ ဆက် တိုက်ဖြစ်ရင် အသံဖြစ်မလာဘူးလား။ ဟုတ်လား။ အဲ့ဒါသည်ကြားစိတ်တွေသည် ဖြစ်ပျက်နေတာပေါ့။ ဟုတ်လား။ ဟုတ်ပြီနော်။ ပစ္စည်းတစ်ခုနဲ့ ပစ္စည်းတစ်ခုနဲ့ ရိုက်လိုက်တယ်။ အဲ့မှာ တစ်ခုနဲ့တခု ထိတဲ့အခါကျတော့ အသံထွက်လာတယ်။ အဲ့အသံထွက်လာတာလည်း ကြားစိတ် မဟုတ်ဘူးလား။ ဟုတ်တယ်မလား။ အသံအမြန်နှုန်းက တစ်နာရီကို မိုင်ခုနှစ်ရာလားမသိဘူး ရှိတယ်။ အဲတော့ အဲ့ဒါကြားစိတ်လေးတွေ ဖြစ်ပျက်နေတာမဟုတ်ဘူးလား။
ကိုနိုင်။ ။ ဟုတ်။
ကျနော်။ ။ ကျွန်တော် ပြောတာ သဘောပေါက်လား။ တစ်ခါထိတဲ့ အခါမှာ တခါဖြစ်ပျက်သွားတယ်။ နောက်တခါထိတဲ့ အခါမှာ နောက်တစ်ခါ ကြားစိတ်ဖြစ်တယ်။ နောက်တစ်ခါထိတဲ့ အခါမှာ နောက်တခါ ကြားစိတ်ဖြစ်တယ်။ အဲ့တော့ကြားစိတ် တွေကလည်း ဖြစ်ပျက်နေတာပဲ။ ဟုတ်ပြီနော်။ အနံ့နံစိတ် အနံ့နံစိတ်ဆိုတဲ့ဟာသည် အနံ့ဆိုတာဘာလဲဆိုတော့ ပါတီကယ်လေးတွေ ဟုတ်လား။ ကျွန်တော်တို့က လက်ဖက်ရည်ကိုရှုကြည့်မယ်။ ဆိုလို့ရှိရင် လက်ဖက်ရည်ခွက်မှာ ဘာဖြစ်နေလဲဆိုတော့ ပါတီကယ်လေးတွေ အနံ့ထွက်တဲ့ ပါတီကယ်လေးတွေ သေးသေးလေးတွေမရှိဘူးလား။ အဲ့ဒါလေးတွေက ကိုယ့်ရဲ့နှာခေါင်းမှာရှိတဲ့ အနံ့ကိုဖမ်းတဲ့ ဆန်ဆာ နဲ့သွားထိတဲ့ အခါမှာ အနံ့နံစိတ် ဖြစ်လာတာ မဟုတ်ဘူးလား အဲ့တော့ ပါတီကယ်လေးတစ်ခု ထိတဲ့အချိန်မှာ အနံ့နံစိတ်လေးတစ်ခု ဖြစ်လာတယ် နောက်တစ်ခုထိတဲ့ အချိန်မှာ နောက်ထပ်နံစိတ်လေး တစ်ခုဖြစ်လာတယ် အများကြီးထိတဲ့အခါကျတော့ နံစိတ်တွေ အများကြီး ဆက်တိုက်ဖြစ်လာတယ် ဆိုတာလည်းပဲ ဖြစ်တာ ဟုတ်တယ်မလား တကယ်တကယ် နံစိတ်တွေဆိုတာလည်း ဖြစ်ပြီးပျက်နေရတယ် ဟုတ်ပြီလား အရသာသိစိတ်လည်း အဲ့လိုပဲ လျှာနဲသွားထိတယ် ထိတဲ့အခါမှာ အရသာသိစိတ်လေးကလည်း ဖြစ်ပြီးပျက်နေတာပဲ ဟုတ်ပြီလား ရလားဟုတ်ပြီနော် ပြီးလို့ရှိရင် အထိအတွေ့ဒုက္ခခံစားစိတ် ကိုယ်နဲ့ခန္ဓာကိုယ်နဲ့ထိတွေ့တယ် ဟုတ်လား ပူတဲ့ဟာနဲ့ သူကထိတွေ့ လို့ရှိရင် ဒုက္ခဝေဒနာ မခံစားရဘူးလား။ အဲ့ဒါ အထိအတွေ့ဒုက္ခခံစားစိတ်ပေါ့။ ဟုတ်ပြီလား။ အဲ့ဒီစိတ်ကလည်း သေချာလိုက်ကြည့်လို့ရှိရင် အဲ့စိတ်ကလေးတွေက ဒုက္ခဝေဒနာသေးသေးလေးတွေ အများကြီးစုထားတာ။ စုပြီးတော့မှ ကြီးမားတဲ့ နာကျင်မှုဆိုတဲ့သဘော ပေါ်လာတာ တကယ့်တကယ် လိုက်ကြည့်ရင် တော့ သေးသေးလေးတွေစုထားတာ။ ဟုတ်ပြီလား။ အဲ့ဒါကလည်း ဘာကြောင့်ဖြစ်လာတာလဲဆိုတော့ ဒီခန္ဓာကိုယ် မှာ အာရုံကြောတွေရှိတယ်။ အာရုံခံကြောတွေအများကြီးရှိတယ်။ အဲ့အများကြီးရှိတဲ့အတွက်ကြောင့်မလို့ သေးသေး လေးတွေ အများကြီးစုထားတာ။ အဲ့ဒါကြောင့် ပြောရတာ ဟုတ်ပြီလား။ အဲ့ဒါကကျတော့ အထိတွေ ဒုက္ခခံစားစိတ်။ ဟုတ်ပြီလား။ တစ်ခါတလေကျလို့ရှိရင် သုခ ခံစားစိတ်လည်း ဖြစ်တာပဲ။ ဟုတ်လား။ ရပြီနော်။ ပြီးတဲ့အခါကျတော့ နောက်တစ်ခုကကျတော့ ကြံတွေးစိတ်။ ကြံတွေးစိတ်ဆိုတာက အများကြီး အကုန်လုံးပါတယ်။ ဥပမာ ရည်းစားကြံတွေးတာ ကလည်း ကြံတွေးစိတ်။ ဟုတ်တယ်မလား။ ကြံတွေးစိတ်က ဘယ်မှာဖြစ်တာလဲဆိုတော့ ပညတ် ဆိုတဲ့ပေါ်မှာ မူတည်ပြီး ဖြစ်တာ။ ဥပမာ ရည်းစားဆိုတာ စကားလုံး မဟုတ်ဘူးလား။ အဲ့ဒါဒီတစ်ခုခုကို ရည်ညွန်းတဲ့ ပညတ်မဟုတ်ဘူးလား။ အဲဒီအပေါ်မှာ နားလည်မှုဖြစ်တဲ့အခါမှာ ကြံတွေးစရာ ဖြစ်လာတာမဟုတ်ဘူးလား။ ရေလို့ပြောလိုက် ရင် ပညတ်။ ဟုတ်တယ်မလား။ ပရမတ် အနေနဲ့ပြောရင် သူသည်ရုပ်ပဲ။ ဟုတ်လား။ ရေလို့ပြောလိုက်တာသည် ဘာဖြစ်လဲ။ ရုပ်ကိုပညတ်ထားတယ်။ ရုပ်ကိုသတ်မှတ်ထားတာ။ အဲ့တော့ အဲဒီရေလို့ပြောလိုက်လို့ရှိရင် ရေဆိုတဲ့နောက် အဓိပ္ပာယ်ပါမလာဘူးလား။ သမုဒ္ဒရာတွေရော၊ ပင်လယ်တွေရော၊ ရေချိုတွေရော၊ ရေငံတွေရောပါမလာဘူးလား။ အဲ့တာတွေကို ကြံတွေးမှုတွေဖြစ်လာတာက ဘယ်ကဖြစ်လာတာလဲဆိုတော့ ကြံတွေးစိတ်ကဖြစ်တာ။ အဲ့ဒါကလည်းဖြစ်ပြီးပျက်တာပဲ။ မဟုတ်ဘူးလား။
ဟုတ်ပြီနော်။ ပြီးလို့ရှိရင် လောဘစိတ်ရှိမယ်။ လောဘစိတ်ကတော့ ရှင်းမယ်ထင်တယ်။ လုပ်ချင်ကိုင်ချင်စိတ်၊ သွားချင်လာခြင်စိတ်၊ လိုချင်စိတ်မှန်သမျှက လောဘစိတ်လို့ သတ်မှတ်ထားလို့ရတယ်။ လိုချင်တာတွေပေါ့။ ရချင်တာတွေပေါ့။ စားချင်တာတွေပေါ့။ အဲ့ဒါတွေအကုန်လုံးက လောဘစိတ်တွေ လောဘစိတ်ကမကောင်းဘူးဆိုပြီး ကျွန်တော်တို့က ရှောင်စရာမလိုဘူး။ လောဘကိုဖြုတ်တယ်ဆိုတာ ရဟန္တာကိစ္စ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့က လောဘစိတ်ဖြစ်ပြီး ပျက်နေတာကိုသိဖို့ ဟုတ်ပြီလား။ အဲ့တော့ကြံတွေးစိတ် ကလေးတွေကလည်း ဖြစ်ပြီးပျက်တာပဲ မဟုတ်ဘူးလား။ အဲ့တော့ လောဘစိတ်ကလည်း ဖြစ်ပြီးပျက်တာပဲ မဟုတ်ဘူးလား။ ပြီးတော့ နောက်တစ်ခုက ဒေါသစိတ် မကျေနပ်တဲ့စိတ်တွေပေါ့။ အဲ့တာလည်း ဖြစ်ပြီးပျက်တာပဲ။ ဟုတ်လား။ နော်။ မောဟစိတ်ဆိုတာက အနိစ္စဖြစ်တယ် ဒုက္ခဖြစ်တယ် အနတ္တဖြစ်တယ်။ အဲ့သဘောကို မသိတာမှန်သမျှ သုခလို့ထင်တာရော ကိုယ့်ကိုယ်ကိုမြဲတယ် ထင်တဲ့ဟာရော နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ငါဆိုတာရှိတယ်လို့ ထင်တဲ့စိတ်ကော အဲ့ဒါကို မောဟစိတ်လို့ခေါ်တယ်။ အဲ့ဒီ စိတ်တွေကလည်း ဖြစ်ပြီးပျက်တာပဲ။ ဟုတ်ပြီလား။ အဲ့တော့အလောဘ စိတ်ဆိုတာရှိတယ်။ ပေးချင်ကမ်းချင်စိတ်တွေရှိတယ်။ အဲ့ဒါအလောဘစိတ်ပေါ့။ သူတို့သည်လည်း ဖြစ်ပြီးပျက်တာပဲ။ ပြီးတော့ အဒေါသစိတ်ရှိတယ်။ အဒေါသစိတ်သည်လည်း မေတ္တာစိတ်ပေါ့။ အဲ့ဒါသည်လည်းဖြစ်ပြီးပျက်တာပဲ။ ဟုတ်ပြီလား။ နောက်တစ်ခုက ဝင်လေရှုသွင်းလိုတဲ့စိတ်။ ဝင်လေရှုသွင်းလိုတဲ့စိတ်။ ဟုတ်ပြီနော်။ အသက်ရှုတာကိုခဏလေး အောင့်ပြီးတော့ ကြည့်ကြည့်လိုက် ဝင်လေရှုချင်တဲ့စိတ်ကပေါ်လာတယ်။ အဲ့စိတ်လေးကလည်း ပြီးလို့ရှိရင် ရှုလိုက်တဲ့အချိန်မှာ အဲ့စိတ်ကလေးကပျက်သွားပြီ။ အဲ့တော့ သူလည်း ဖြစ်ပြီးပျက်တာပဲ။ ဟုတ်ပြီလား။ ဝင်လေရှု ပြီးလို့ရှိရင် ထွက်လေ ရှုထုတ်ချင်တဲ့စိတ်က ပေါ်လာမယ်။ အဲ့စိတ်ကလည်း ရှုထုတ်လိုက်တဲ့ အချိန်မှာ ပျက်သွားတယ်။ အဲ့စိတ်ကလည်း ဖြစ်ပြီးပျက်တာပဲ။ ဟုတ်ပြီလား။ အဲ့တော့ ဒီနှစ်ခုကတော့ ကျွန်တော်တုန်းကတော့ ကျွန်တော် ရှုလို့မရခဲ့ဘူး။ ဝင်လေရှု သွင်းချင်တဲ့စိတ် ရော ထွက်လေရှုထုတ် ချင်တဲ့စိတ် ရော ကျွန်တော်ရှု့လို့မရခဲ့ဘူး။ အဲ့တော့ အဓိက ရှုရမှာတော့ ဒီဟာတွေ ရှုဖို့အရေးကြီးတယ်။ ဘာမှမထင်ရှားဘူး ဆိုတော့မှ ဒီနှစ်ခုကိုရှုဖို့လိုအပ်တယ်။ တကယ်တမ်းက ဒီနှစ်ခု သိပ်ရှုစရာ မလိုအပ်ဘူး။ ကျန်တာတွေက အများကြီးထင်ရှားတာ။ ဟုတ်ပြီလား။ အဲ့တော့ ကျွန်တော်တို့စိတ် စုစုပေါင်း ၁၄ မျိုးရှိတယ်။ ဟုတ်လား။ ဒါတွေအကုန်လုံးကို ကျွန်တော်တို့ ဘာရှုရမလဲဆိုတော့ ဖြစ်ပျက်ရှုရမယ်။ ဖြစ်ပျက်ရှုရမယ် ဆိုတော့ ဘယ်လိုရှုရလဲဆိုတော့ အသံတစ်ခုထွက်လာတယ်။ ဟုတ်လား။ အသံတစ်ခုပေါ်လာတယ်။ အသံတစ်ခုပေါ်လာတယ်ဆိုတာ အသံဆိုတာဘာလဲဆိုတော့ အသံဆိုတာ ဘာလို့ခေါ်လဲဆိုတော့ အာရုံလို့ခေါ်တယ်။ အသံဆိုတာအာရုံလို့ခေါ်တယ်။ နားကဘာလဲဆိုတော့ ဒွါရလို့ ခေါ်တယ်။ ဟုတ်လား။ အာရုံနဲ့ ဒွါရနဲ့နှစ်ခု ထိခိုက်မိတဲ့အချိန်ကျ တော့ဘာဖြစ်လဲဆိုတော့ ကြားစိတ် ဆိုတာဖြစ်လာတယ်။ ဟုတ်ပြီလား။ အာရုံနဲ့ဒွါရထိခိုက်မိတဲ့အခါမှာ ကြားစိတ်ဆိုတာ ဖြစ်လာတယ်။ နားလည်ရဲ့လား။ ဟုတ်လား။ အဲ့ကြားစိတ်ဖြစ်လာ လို့ရှိရင် ဟိုးရှေ့မှာ အရှေ့မှာ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ဒီကြားစိတ် ဖြစ်လာလို့ရှိရင် ဘာလုပ်ရမလဲ။ သတိ ထားလိုက်မယ်။ သတိ ထားလိုက်ရင် အဲ့ကြားစိတ်တွေက ပျက်သွားပြီ မဟုတ်ဘူးလား။ ပထမကြားစိတ်က ဟုတ်လား။ နောက်ကြားစိတ်တော့ ရှိရင်ရှိမယ်နော်။ ပထမကြားစိတ်က ပျက်သွားပြီ။ အဲ့တော့ အဲ့ဒါ ဖြစ်ပြီးပျက် နေတာပဲလို့ ဆင်ခြင်ရမယ်။ ပြီးရင် ဟုတ်တယ် ဖြစ်ပြီးပျက်နေတာလို့ ဆင်ခြင်ရမယ် ဖြစ်ပျက်နေတာပဲ နှလုံးသွင်းရမယ် အဲ့တာ ကြားစိတ်ကိုရှုတာ ဟုတ်ပြီလား အဲ့တော့ကျွန်တော်တို့က ဘာကိုစရှုရလဲဆိုတော့ အနိစ္စဆိုတာကို စပြီးတော့ရှုရတာ အဲ့တာသည် ခုနခန္ဓာငါးပါးထဲမှာ စိတ် သူဘာလဲဆိုတော့ ဝိညာဏခန္ဓာ လို့မှတ်ရမယ် ရမယ်နော် ဟုတ်ပြီ အဲ့တော့ အဲ့ဒီမှာနောက် တခုထပ်ပြောမယ်။ နီဝရဏငါးပါး။ ဟုတ်လား။ နီဝရဏ ၅ ပါး ဆိုတာ ဘာလဲဆိုတော့ ကာမစ္ဆန္ဒနီဝရဏဆိုတာရှိတယ်။ ကာမစ္ဆန္ဒနီဝရဏ ဆိုတာ ထီထိုးထားတယ်။ ထီထိုးထားလို့ရှိရင် ထီပေါက်ရင် ငါဘာလုပ်မယ်။ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်။ အဲ့ဒါ ကိစ္စမျိုး ကြံစည်နေတဲ့ဟာ အဲ့ဒါကို ကာမစ္ဆန္ဒနီဝရဏ လို့ ခေါ်တယ်။ ကာမဂုဏ်နဲ့ ဆက်စပ်ပြီး ကြံစည်မှု များ။ ဟုတ်လား။ အဲ့ဒါမျိုးပေါ်လာလို့ရှိရင် ဘာဖြစ်လဲဆိုတော့ ဒီလိုရှု့မှတ်မှုက လုပ်မရတော့ဘူး ဖြစ်သွားတယ်။ ဟုတ်လား။ နောက်တစ်ခုကဗျာပါဒ သူများကိုပျက်စီးစေချင်တာ ပေါ့။ အဲ့လိုမျိုး ဒေါသဖြစ်နေတာ ဒုက္ခရောက်စေချင်တာ အဲ့လိုမျိုးပေါ်လာရင်လည်း ရှုလို့မရဘူး။ ဟုတ်ပြီနော်။ နောက်တစ်ခုက ထိနမိဒ္ဓနီဝရဏ အိပ်ချင် ငိုက်မျည်းတာ။ သူပေါ်လာလဲ ရှုလို့မရဘူး။ နောက်တခုက ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၊ ဥဒ္ဓစ္စပျံ့လွင့်တယ်။ စိတ်ကပျံ့လွင့်တယ်။ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေတယ်။ အဲ့ဒါမျိုးဖြစ်နေလည်း ရှုလို့မရဘူး။ ကုက္ကုစ္စ နောင်တ တစ်ဖန် ပူပင်တာ အရင်တုန်းကတော့ ငါဘာလုပ်လိုက်မိပြီ၊ ဟိုဟာလုပ်လိုက်မိပြီ၊ ဒီဟာလုပ်လိုက်မိပြီ။ အဲ့ဒီအပေါ်မှာပူပန်တဲ့စိတ်။ အဲ့စိတ်ရှိရင်လည်း ရှုလို့မရဘူး။ နောက်တစ်ခုက ဝိစိကိစ္ဆာနီဝရဏ ဟုတ်ကော ဟုတ်ရဲ့လား မသိဘူး။ ဟိုဟာလား မသိဘူး။ ဒီဟာလား မသိဘူး။ အဲ့ဒါဆိုလည်း ရှုလို့မရဘူး။ ဟုတ်ပြီလား။ အဲ့တော့ အဲ့ဒါ နီဝရဏတရားငါးပါးလို့ခေါ်တယ်။ ဒါက သတိထားရမယ့် တရားတွေ ဟုတ်ပြီလား။ အဲ့တော့ အဲ့တရားတွေ ပေါ်လာလို့ရှိရင်လည်း အဲ့တရားတွေကို ဖြစ်ပျက် ရှုလိုက်လို့ရတယ်။ သတိထားလိုက်ရင် အဲ့ဒီတရားက ပျောက်သွားတယ်။ ပျောက်သွားရင်အဲ့ဒီတရားဟာ ဖြစ်ပြီးပျက်တာပဲလို့ရှုလို့ရတယ်။ ဟုတ်ပြီလား။ ရမယ်နော်။ အဲ့တော့ ကျွန်တော်တို့အခုပြောနေတဲ့ကိစ္စ တကယ် က ဘာလဲဆိုတော့ အင်္ဂါငါးပါးနဲ့ပြည့်စုံသောမဂ် လို့ခေါ်တယ်။ ဟုတ်ပြီလား။ ဥပမာ ကြားစိတ်ဖြစ်တယ်။ ကြားစိတ် ဖြစ်တဲ့နောက်မှာ ကျွန်တော်တို့က ဘာလုပ်လိုက်လဲ။ သတိထားလိုက်။ ဟုတ်ပြီနော်။ သတိထားလိုက်တယ် ဆိုတာက သတိထားဖို့အတွက် အားမစိုက်ရဘူးလား။ အားစိုက်ရတယ်။ အဲ့ဒါကိုဝါယမလို့ခေါ်တယ်။ အားစိုက်တာကို ပါဠိလိုဟုတ်ပြီလား။ အားစိုက်တာကို ဝါယမ လို့ခေါ်တယ်။ ရုပ်နာမ်ပေါ်မှာ အမှန်မြင်မှာ မဟုတ်ဘူးလား။ အနိစ္စ၊ ဒုက္ခ အနတ္တ ဆိုပြီး အမှန်မြင်မှာ မဟုတ်ဘူးလား။ အနိစ္စဆိုတာ အမှန်မြင်တာ မဟုတ်ဘူးလား။ အမှန်မြင်တာ ဖြစ်ဖို့အတွက်ကို လုပ်တဲ့အားစိုက်မှုကို အမှန်အားစိုက်မှုလို့ခေါ်တယ်။ အဲ့တော့ သူ့ကို ဘာလို့ခေါ်လဲဆိုတော့ သမ္မာဝါယမ လို့ခေါ်တယ်။ ဟုတ်ပြီလား။ သမ္မာဝါယမ ဖြစ်လာပြီး ဘာလုပ်ရမလဲဆိုတော့ သတိထားလိုက်တာ မဟုတ်ဘူးလား။ ဟုတ်လား။ အဲ့သတိကလည်း အမှန်မြင်ဖို့အတွက်ကို သွားတဲ့သတိ မို့လို့ဘာလို့ခေါ်လဲ။ သမ္မာသတိလို့ခေါ်တယ်။ ဟုတ်ပြီလား။ အဲ့တော့အဲ့ဒါကို သတိထားနေတဲ့အချိန်မှာ စိတ်က အဲ့ဒီတစ်ခုထဲမှာ စူးစူးစိုက်ရှိမနေဘူးလား။ ရှိနေတယ်။ အဲ့ဒါကို ဘာလို့ခေါ်လဲဆိုတော့ သမ္မာသမာဓိလို့ခေါ်တယ်။ ဟုတ်ပြီလား။ အဲ့ဒါမှန်မှန်မှန်ဆင်ခြင်တယ်။ ဖြစ်ပျက်ဟုတ်လား၊ မဟုတ်လားဆိုတော့ဆင်ခြင်တာ ကိုကျတော့ သမ္မာ သင်္ကပ္ပ လို့ခေါ်တယ်။ မှန်ကန်သောဆင်ခြင်မှု။ ဟုတ်လား။ အဲ့တော့ဖြစ်ပြီးပျက်နေတာပဲလို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲ့တာကကျတော့ဘာလို့ ခေါ်လဲ ဆိုတော့ အမြင်မှန်တာ သမ္မာဒိဋ္ဌိလို့ခေါ်တယ်။ အဲ့တာက အင်္ဂါငါးပါးနဲ့ပြည့်စုံသောမဂ် ဆိုတာအဲ့တာက ပိဋကတ်သုံးပုံမှာ ပါတယ်။ ဟုတ်ပြီလား။ ကျွန်တော်တို့လုပ်မှာဒါပဲ။ ဒါကိုပဲအကြိမ်ရေ များများ။ အင်္ဂါငါးပါးနဲ့ပြည့်စုံတော့မဂ် အကြိမ်ရေ ဘယ်နှကြိမ် တစ်နေ့ မှာအကြိမ် ရေ ဘယ်နှစ်ကြိမ် လုပ်နိုင်သလဲ။ တစ်နေ့မှာအကြိမ် ဘယ်နှစ်ကြိမ်လုပ်နိုင်တယ်။ အဲ့ဒါတို့ အဓိက လုပ်ရမယ့်အချက် အဲ့ဒီအကြိမ်များသွားလို့ရှိရင် ဥပမာ အကြိမ်တစ်ထောင်လောက် ဖြစ်လို့ရှိရင် ထူးခြားမှုဖြစ်လာတယ်။ အကြိမ်တစ်သောင်းလောက်ဖြစ်လာ လို့ရှိရင် အနိစ္စနဲ့ ပါတ်သက်ပြီးတော့ နောက်ထပ်ဉာဏ်တွေ ထပ်ပေါ်လာမယ် သဘောပေါက်လား။ အဲ့ဒီအရေအတွက်ကတော့ ကျွန်တော်လည်း တိတိကျကျမပြောတတ်ဘူး။ ဟုတ်ပြီလား။ သဘောပေါက်လား။ ရှုတာတော့ တော်တော်ရှုရမှာ နားလည်မယ်နော်။ အဲ့တာဆိုရင် ဒါကိုဓာတ်ပုံလေးရိုက်။ အဲ့တော့ ကျွန်တော်တို့က ဖြစ်ပျက်နေတာပဲ မြင်တယ်ဆိုလို့ရှိရင် စိတ်ကအေးချမ်းမှုရတာပေါ့။ ရုပ်နာမ်တွေ ရှိတယ် ဆိုတာသိတယ်။ ဟုတ်တယ်မလား။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့် အဖေ အမေ ဆိုတာလည်း ရုပ်နာမ်တွေပဲ။ ကိုယ်ဆိုတာလည်း ရုပ်နာမ် ပဲ။ အဲ့ ရုပ်နာမ်တွေကလည်း ဖြစ်ပြီးပျက်နေတယ်။ လက်ရှိပစ္စုပ္ပန် ထဲမှာဖြစ်ပြီးပျက်တာပဲ ရှိတယ်ဆိုတာ သိလို့ရှိရင် အတိတ်တွေလည်းပူစရာ မရှိဘူး။ အနာဂါတ်လဲ စဉ်းစားစရာ မလိုတော့ဘူး တကယ်တမ်းက ဖြစ်ပျက်နေတာပဲ အတိတ်က ဘာဖြစ်ခဲ့လဲ ရုပ်နာမ်တွေဖြစ်ပြီးပျက်ခဲ့တယ် လက်ရှိကဘာဖြစ်နေလဲ ရုပ်နာမ်တွေဖြစ်ပြီးပျက်နေတယ် အနာဂတ်ဘာဖြစ်မလဲ ရုပ်နာမ်တွေဖြစ်ပြီးပျက်နေမယ် ဒါကိုသိသွားပြီဆိုရင် ဘာကမှ ပူစရာမရှိတော့ဘူး အဲ့ဒါကို သဘောပေါက်တယ် ဆိုလို့ရှိရင် စိတ်အေးချမ်းမှု ရတယ်။ အဲ့ဒါ ဘာကိုခေါ်လဲဆိုတော့ မောဟဆိုတဲ့ ကိလေသာကနေပြီး တော့ သက်သာလို့ စိတ်အေးချမ်းမှုရတယ် ကိလေသာဆိုတာ ပူလောင်တဲ့တရား ဆိုတာ အဲ့ဒါပြောတာ မောဟဆိုတာ ခုနပြောတယ်ရုပ်ပဲနာမ်ပဲလို့မသိဘူး အကုန်လုံးက ငါလို့သတ်မှတ်တယ် သူတို့သတ်မှတ်တယ် မြဲတယ်လို့ သတ်မှတ်တယ် ဟုတ်လား အဲ့လိုသတ်မှတ်ထားတဲ့ အခါကျတော့ သုခလို့သတ်မှတ်တယ် အဲ့လိုသတ်မှတ်တဲ့အခါကျတော့ ပူလောင်ရတယ် သုခလို့သတ်မှတ်တော့ လိုချင်တယ် မရမနေလိုချင်တယ် ဟုတ်လား ရုပ်နာမ် ရုပ်နာမ် မသတ်မှတ်ဘဲနဲ့ သူငါတွေသတ်မှတ်တော့ ခင်တယ် အဲ့ဒါတွေဖြစ်နေတဲ့ အခါကျတော့ပူပင်တယ် အဲ့တော့ဖြစ်ဖြစ်နေတဲ့ ရုပ်နာမ်တွေပဲ ပစ္စုပ္ပန်တည့်တည့်ကို မသိတဲ့အခါကျတော့ အတိတ်တွေကိုတွေးပြီးတော့ အတိတ်တုန်းက ငါဘာလုပ်ခဲ့တာပဲ အစရှိတာတွေတွေးပြီးတော့ ကုက္ကုစ္စ တွေ ဖြစ်တယ် ပူလောင်တယ် ဟုတ်လား အဲ့တာဘာခေါ်လဲ ဆိုတော့ ကိလေသာရဲ့ ပူလောင်တတ်တဲ့ သဘောလို့ ခေါ်တယ်။ အဲ့တော့ အဲ့ဒီ လက်ရှိတည့်တည့်မှာ ကျွန်တော်တို့ ရုပ်နာမ်ပဲလို့ ဆင်ခြင်လိုက်ပြီဆိုလို့ရှိရင် အဲ့ဒီ ခဏ သက်သာတယ် ကိလေသာကနေပြီးတော့ အဲ့ဒါ ကိလေသာကနေ ခဏအေးချမ်းတဲ့သဘောပဲ။ အဲဒီတော့ ဒါတွေကို အခုပဲ စမ်းကြည့်ပါ။ လုပ်လို့ရမလား။ လုပ်လို့ရမယ် ဆိုရင် ဒီတပါတ် လုပ်ခဲ့ပေးပါ။ နောက်တပါတ်ကျ တော့ ဘာအတွေ့အကြုံရလဲ ဆိုတာ ပြောကြမယ်။


Leave a Reply