ဒီနေ့တော့ လက်တွေ့လေ့ကျင့်ခန်း လုပ်ကြည့်ရအောင်။
“မမြဲဘူး၊ မမြဲဘူး” လို့ ပါးစပ်က ရွတ်မနေပါနဲ့။ စိတ်ကူးနဲ့လည်း မတွေးပါနဲ့။ မျက်စိရှေ့မှာ တကယ်ပျောက်သွားတာကို ဖမ်းကြည့်ပါ။
ဥပမာ – ကားသံလေး တစ်ခု ကြားလိုက်တယ်။ အဲဒီအသံလေး တဖြည်းဖြည်း တိုးသွားပြီး လုံးဝ ပျောက်သွားတဲ့ အဆုံးသတ်ကို သေချာလိုက်ကြည့်ပါ။ ယားတဲ့စိတ်လေး ပေါ်လာတယ်။ ကုတ်မပစ်လိုက်ဘဲ သူ့အလိုလို ပြန်ပျောက်သွားမလားဆိုတာ စောင့်ကြည့်ပါ။
ဖြစ်လာတာကို သိပ်စိတ်မဝင်စားပါနဲ့။ “ပျောက်သွားတာ” ကိုပဲ ဦးစားပေး ကြည့်ပါ။ တစ်ခုခု ပျောက်သွားတိုင်း “ဪ.. ရှိမနေတော့ပါလား” ဆိုတာကို လက်ခံလိုက်ပါ။
အဲဒီလို ပျောက်ပျောက်သွားတာကို မြင်ပါများလာရင် စိတ်ထဲမှာ ဆုပ်ကိုင်ထားချင်တဲ့ လောဘတွေ တဖြည်းဖြည်း ပါးလာပါလိမ့်မယ်။
ဒီနေ့အတွက် အမေး- အခုလေးတင် ဖြစ်ခဲ့တဲ့ အရာတစ်ခု၊ အခု ဘယ်ရောက်သွားပြီလဲ

Leave a Reply