ရုံးပိတ်ရက်ကနေ အလုပ်ခွင်ထဲ ပြန်ဝင်တဲ့အခါ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်မှာ အနတ္တသဘောက လက်တွေ့ အရမ်း အသုံးဝင်ပါတယ်။
ပြဿနာတစ်ခု ကြုံလာတဲ့အခါ ‘ငါ့ကို ဒုက္ခပေးနေတယ်၊ ငါ့အလိုကျ မဖြစ်ဘူး’ လို့ တွေးရင် ပိုပြီး ပူလောင်ရပါတယ်။ အနတ္တဆိုတာ အရာရာဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတာ၊ ကိုယ်စီမံလို့ မရဘူးဆိုတဲ့ သဘောပါ။
ပြဿနာကို ငါ့ပြဿနာလို့ မယူဘဲ အကြောင်းအကျိုး ဖြစ်စဉ်တစ်ခုလို မြင်အောင်ကြည့်ပါ။ ပြီးရင် ဖြေရှင်းစရာရှိတာကို ဉာဏ်နဲ့ အေးအေးဆေးဆေး ဖြေရှင်းလိုက်ပါ။ ငါဆိုတဲ့ အစွဲ မပါတဲ့အခါ အလုပ်ခွင်ထဲက ဖိစီးမှုတွေဟာ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။
အခု ကြုံနေရတဲ့ အခက်အခဲလေးကို ငါနဲ့ မသက်ဆိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခုလို့ သဘောထားကြည့်ပါလား။


Leave a Reply