လူဆိုတာ “ရယူပိုင်ဆိုင်ဖို့” ရှင်သန်ကြသူတွေပါ။ ဥစ္စာ၊ ရာထူး၊ ဂုဏ်တွေကို စုဆောင်းကြတယ်။ ဒါက လူ့သဘာဝပါ။
ရဟန်းဆိုတာကတော့ “စွန့်လွှတ်ဖို့” ရှင်သန်ရမယ့်သူတွေပါ။ အိမ်ရာ၊ ဆွေမျိုး၊ ဂုဏ်ဒြပ် အားလုံးကို စွန့်ခွာခဲ့သူတွေပါ။
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက… ယနေ့ခေတ် ရဟန်းလောကဟာ လူတွေလိုချင်တဲ့ “ဂုဏ်” (ဘွဲ့ထူး၊ ဂုဏ်ထူး၊ ကျောင်းတိုက်) တွေကိုပဲ လိုက်လံစုဆောင်းနေကြတာ တွေ့ရပါတယ်။
လူလိုချင်တာကို ရဟန်းက လိုက်ရှာနေရင် သံသရာက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပါဘူး။
ရဟန်းစစ်ရင်… “ဂုဏ်” ကို မရှာပါနဲ့၊ “လွတ်မြောက်မှု” ကိုပဲ ရှာပါ။


Leave a Reply