ကျွန်တော်တို့ “သစ္စာ” အကြောင်းတွေ ငြင်းခုံနေကြတယ်။ “ရဟန်း” တွေအကြောင်း ဝေဖန်နေကြတယ်။ ဒါပေမယ့် မေးစရာရှိတာက… “ကိုယ့်ခန္ဓာထဲက အမှန်တရားကိုရော ဒီနေ့ ကြည့်ဖြစ်ရဲ့လား?”
သူများအပြစ်ကို မြင်ဖို့လွယ်ပေမယ့်၊ ကိုယ့်စိတ်ထဲက ကိလေသာကို မြင်ဖို့ကျတော့ ခက်ပါတယ်။ စာပေထဲက “အနတ္တ” ကို နားလည်ဖို့ လွယ်ပေမယ့်၊ ခန္ဓာပေါ် ဉာဏ်ရောက်တဲ့ “အနတ္တ” ကို မြင်ဖို့ကျတော့ ခက်ပါတယ်။
ကျမ်းဂန်တွေ ဘယ်လောက်တတ်တတ်၊ သူများကို ဘယ်လောက် ဝေဖန်နိုင်နိုင်… မိမိခန္ဓာရဲ့ ဖြစ်ပျက်နေမှုကို မျက်မှောက်မပြုနိုင်ရင် ကျွန်တော်တို့လည်း “စာတတ်ပုထုဇဉ်” အဆင့်ကနေ တက်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အပြင်ကို ညွှန်နေတဲ့ လက်ညှိုးတွေကို ခေတ္တရုပ်သိမ်းပြီး… စာအုပ်ကို ပိတ်၊ မျက်စိကို မှိတ်ကာ ကိုယ့်ခန္ဓာ ကိုယ်ပြန်စစ်ဆေးကြည့်ကြပါစို့။
“အဖြေမှန်က ကိုယ့်ခန္ဓာထဲမှာပဲ ရှိပါတယ်။”


Leave a Reply