အနတ္တဆိုတာ တကယ်တော့ ရုပ်နဲ့ နာမ်တွေဟာ သူ့အကြောင်းနဲ့သူ တိုက်ဆိုင်ပြီး ဖြစ်ပေါ် ပျက်စီးနေတဲ့ သဘောသက်သက်ပါ။ အဲဒီဖြစ်စဉ်ကို နောက်ကွယ်ကနေ စီမံဖန်တီးပေးနေတဲ့ သတ္တဝါ၊ ဒါမှမဟုတ် “ငါ” ဆိုတဲ့ အတ္တ ဘယ်နေရာမှာမှ မရှိပါဘူး။ ပိုဆိုးတာက “ငါ ရှိတယ်” လို့ ထင်မှတ်နေတဲ့ အသိလေး ကိုယ်တိုင်ကလည်း ချက်ချင်းဖြစ်ပြီး ချက်ချင်းပျက်သွားတဲ့ နာမ်ဓမ္မလေး တစ်ခုသာ ဖြစ်နေတာပါပဲ။ ဘာကိုမှ ထိန်းချုပ်လို့ မရဘူးဆိုတာ သိလိုက်ရင် စိတ်ဟာ အများကြီး ပေါ့ပါးသွားပါတယ်။
“ငါ” လို့ တွေးလိုက်တဲ့ အတွေးလေး ပေါ်လာရင် အဲဒါလေးဟာလည်း ပျက်သွားမယ့် သဘောတရားပါလားလို့ လေ့လာကြည့်ပါ။


Leave a Reply