ဗုဒ္ဓဆိုတာဟာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရား သာသနာဟာ ကြည်ညိုဖို့ ကောင်းပါတယ်။ သဗ္ဗညုတ ဉာဏ်တော်ရဲ့ အစွမ်းဆိုလဲ ဟုတ်ပါတယ်။ ဝိနည်းဆိုရင်လဲ ရှင်သာရိပုတ္တရာက သာသနာ ရှည်ကြာရေး အတွက် ဘာလုပ်ရမလဲ ဆိုတော့ မြတ်စွာဘုရားက ဝိနည်း ပညတ်ရမယ့် အကြောင်း ပြောပါတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာက ဝိနည်း ပညတ်တော်မူပါဆိုတော့ ကျူးလွန်သူ ရှိမှပဲ ပညတ်ရမယ့် အကြောင်း ဟောတော်မူ တယ်။ မြတ်စွာဘုရား ဆိုတာသည် တခွန်းတည်းနဲ့ အမှန်ပြောတတ်သူပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာ တချို့က မြတ်စွာဘုရားက သူတို့ကို တန်ခိုးနဲ့ ကယ်မလား မျှော်လင့်နေကြသူတွေ ရှိတယ်။ စိတ်ပျက်စရာ ပုထုဇဉ် ဘဝ တွေပါ။ ထေရဝါဒ ဗုဒ္ဓသာသနာ ကို သန့်စင်အောင် မျှော်လင့်ချက် အမှားတွေ မပေးမိဖို့ လိုပါတယ်။ သာသနာကို လက်တွေ့ကျကျ စဉ်းစားပြီး လောက ရဲ့ အကျိုးကို ဆောင်တဲ့ သာသနာ အဖြစ် ကျင့်သုံးသွားဖို့ မျှော်လင့်ပါ တယ်။

ဒီနေရာမှာ အနန္တဆိုတဲ့ စကားကလဲ ဘုန်းတော် အနန္တ၊ ကံတော် အနန္တ စသဖြင့် သွားပြောလို့မရပါဘူး။ အနန္တ ဆိုတာဟာ အဆုံးမရှိဆိုတဲ့ အဓိပ္ပါယ် ရှိတဲ့အတွက် ပြောလို့ကောင်းယုံလောက်နဲ့ မသုံးသင့်ပါဘူး။ ဘာကြောင့် လဲ ဆိုတော့ ဘုရား အချင်းချင်းမှာ ကွာခြားချက်တွေ ရှိလို့ပါ။ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ၊ သဒ္ဓါဓိက၊ ပညာဓိက စသဖြင့် ကွဲလွဲချက်တွေ ရှိပါတယ်။ တပါးနဲ့ တပါး ကွာခြားချက် ရှိတဲ့အတွက် ကိန်းဂဏန်းများသာ ဖြစ်နိုင်ပါတယ်။ အဆုံးမရှိဆိုရင် ကွာခြားချက် မရှိတော့ဘူး ဖြစ်နေမှာပါ။

မြတ်စွာဘုရားရဲ့ သာသနာဟာ အမှန်တရားတွေပါ။ သာသနာ ဆိုတာက အဆုံးအမလို့ အဓိပ္ပါယ်ရပါတယ်။ မှန်ကန်သော ဆုံးမမှုတွေပါ။ မြတ်စွာဘုရားက ရဟန်းတွေကို ငါမရှိတဲ့နောက် သင်တို့ရဲ့ ဆရာဟာ တရားတော် တွေပဲလို့ ဟောထားခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့က တရားရချင်ရင် ရဟန်းတွေရဲ့ ဆရာ ဖြစ်တဲ့ တရားတော်တွေကို ကိုယ်တိုင် လေ့လာဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ tipitaka myanmar ဆိုတဲ့ App ကို ဖုန်းထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။ ပြီးရင် ရုပ်အကြောင်း နာမ်အကြောင်းတွေ ရှာဖတ်နိုင်ပါတယ်။ ကျနော်ကတော့ ပိဋကတ် App ထဲက ဓမ္မသင်္ဂဏီ ဖတ်ပြီးမှ သဒ္ဓါတက်လာတာပါ။

မြတ်စွာဘုရားက ဂုဏ်နဲ့ ပါတ်သက်ပြီး သူ့ကို ဘုရားဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ထားလိုက်ပြီး မိတ်ဆွေကောင်း တယောက်အဖြစ် သတ်မှတ်ပြီး သူပြောတာလေး စမ်းကြည့်ပါဆိုတဲ့ သဘောမျိုး ပြောပါတယ်။ အဲဒီတော့ အရိယာမှာလဲ အဲလိုမျိုးပဲ ဂုဏ်မက်တယ် ဆိုတာမရှိပါဘူးလို့ ပြောချင်ပါတယ်။

မြတ်စွာဘုရားတောင် မိတ်ဆွေ အဖြစ် သဘောထားရဦးမယ် ဆိုတော့ ကျနော်တို့က ဘာမာန်များ တက်စရာ ရှိပါသလဲ။ ဒါပေမယ့် တခါတလေ ကျတော့ ရတနာသုံးပါးနဲ့ ပါတ်သက်ပြီး ကျေးဇူးမဲ့ကို ပြောတယ် လုပ်နေတယ် ဆိုရင်ဒေါသတော့ ထွက်မိပါတယ်။ ဘုရားစင်ရှေ့ ထိုင် ရှစ်ခိုးမနေပေမယ့် စိတ်ထဲမှာ ရတနာသုံးပါးကို ကြည်ညိုမှု အပြည့်ပါ။ ဘုန်းကြီးတိုင်းတော့ မပါဘူးပေါ့။ ဥပါသကာ နဲ့ ရဟန်းရဲ့ ဆက်ဆံရေးဟာ ဘုရားလက်ထက်မှာ ဝိသာခါ တို့ စိတ္တ သူကြွယ်တို့ စတဲ့ စတဲ့ ဆက်ဆံရေးတွေကို ကြည့်နိုင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *