“နေ့စဉ်ဘဝ” ဆိုတာ မနက်ထ၊ အလုပ်သွား၊ ထမင်းစား၊ အိပ် ဆိုတဲ့ အလုပ်တွေ ဆက်တိုက်လုပ်နေတာလို့ ကျွန်တော်တို့ ထင်ကြတယ်။
တကယ်တော့ နေ့စဉ်ဘဝဆိုတာ ဖြစ်ပြီး ပျက်နေတဲ့ ရုပ်နာမ်ဖြစ်စဉ်တွေကို အလွယ်တကူ ခေါ်ဝေါ်ဖို့ သတ်မှတ်ထားတဲ့ စကားလုံးတစ်ခု သက်သက်ပါပဲ။ ကားမောင်းနေတာကလည်း လှုပ်ရှားနေတဲ့ ရုပ်နဲ့ သိနေတဲ့ ဝိဉာဏ် ပါပဲ။ ထမင်းစားတာလည်း အရသာကို ခံစားနေတဲ့ နာမ်တရားနဲ့ ဝါးနေတဲ့ ရုပ်တရား ဖြစ်စဉ်တွေပါပဲ။
ဒီဖြစ်စဉ်တွေဟာ တစ်စက္ကန့်လေးတောင် ရပ်တန့်မနေဘဲ အသစ်အသစ် အစားထိုး ဖြစ်ပျက်နေတာပါ။ ဒီအမှန်တရားကို မျက်မှောက်ပြုနိုင်ရင် “ငါ့ဘဝကြီး ပင်ပန်းလိုက်တာ” ဆိုတဲ့ ညည်းတွားမှုတွေ ရပ်တန့်သွားပါလိမ့်မယ်။
အခု လုပ်နေတဲ့ အလုပ်လေးကို ငါလုပ်နေတာ မဟုတ်ဘဲ ရုပ်နာမ် ဖြစ်ပျက်စဉ် သက်သက်ပါလားလို့ လေ့လာကြည့်ပါဦး။


Leave a Reply