ဒီတစ်ပတ်လုံး သင်္ခါရတရားတွေ၊ စိတ်ရဲ့ ဖြစ်ပျက်တွေ၊ အကြောင်းအကျိုးတွေနဲ့ သညာရဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြတယ်။
စနေနေ့လို နားရက်မျိုးမှာ အေးအေးဆေးဆေး ထိုင်ရင်း ကိုယ့်ခန္ဓာမှာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ဆက်ပြီး လေ့လာကြည့်ပါ။ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ ရုပ်နဲ့ နာမ်ဟာ ဖြစ်ပြီးရင် ပျက်သွားတာချည်းပါပဲ။
ကိုယ်တိုင် လက်တွေ့ ဉာဏ်နဲ့ သိမြင်လာအောင် ကြိုးစားမှသာ အမြင်မှားတွေ ပြုတ်ကျပြီး တကယ့်ကို အေးချမ်းတဲ့ အနားယူခြင်းကို ရရှိမှာပါ။
ဒီနေ့ တိတ်တိတ်ဆိတ်ဆိတ် အနားယူရင်း ကိုယ့်စိတ်အစဉ်မှာ ဖြစ်ပျက်နေတာလေးတွေကို အကဲခတ်ကြည့်ပါဦး။


Leave a Reply