တကယ်တမ်း ကိုယ့်ကိုယ်ကိုယ် သေချာ လေ့လာကြည့်ရင် အမြဲတမ်း ဖောက်ပြန်နေတဲ့ ရုပ်နဲ့ သိမှု ဝိဉာဏ် အစရှိတဲ့ နာမ်တရားတွေ ဖြစ်ပြီး ပျက်နေတာကလွဲလို့ ဘာမှ ရှာမတွေ့နိုင်ပါဘူး။ ခန္ဓာငါးပါး ဖြစ်ပျက်နေတာကလွဲပြီး တခြား ဘာမှ မရှိပါဘူး။ ဒီအမှန်တရားကို မမြင်လို့ ‘ငါ’ လို့ ဆုပ်ကိုင်မိပြီး ပူလောင်ရတာပါ။ ငါ့ဥစ္စာလို့ ပြောပေမယ့်လည်း ငါ့ဥစ္စာဆိုတဲ့ ပိုက်ဆံတွေကို ဗိုက်ထဲ ထည့်ထားလို့ရတာမဟုတ်ပါဘူး။ အားလုံးက စနစ်တွေပေါ်ကနေ ကိုယ့်ရဲ့ ဥစ္စာလို့ သဘောတူထားတဲ့သဘောသာ ရှိပါတယ်။
ဆင်းရဲဒုက္ခဆိုတာ တခြားကလာတာမဟုတ်ဘဲ အရှိကို အရှိအတိုင်း မသိမှုကနေ လာတာပါ။ ဖြစ်ပြီး ပျက်နေတဲ့ သဘာဝကို အရှိအတိုင်း မြင်အောင် ကြည့်လိုက်တာနဲ့ အမြင်မှားတွေ ပြုတ်ကျသွားပါလိမ့်မယ်။
ဒီနေ့ ကိုယ့်ခန္ဓာမှာ ပေါ်လာတဲ့ ခံစားချက်လေးတွေ ဘယ်လောက်မြန်မြန် ပျောက်သွားလဲဆိုတာ သတိထားကြည့်ပါလား။


Leave a Reply