သောကြာနေ့ ညနေရောက်ပြီဆိုတာနဲ့ “မနက်ဖြန်တော့ နားရပြီ၊ ငါ ပျော်လိုက်တာ” ဆိုပြီး ကြိတ်ပြီး ဝမ်းသာနေတတ်ကြတယ်။
တကယ်တော့ ပျော်နေတဲ့ “ငါ” လည်း မရှိသလို၊ အနားယူမယ့် “ငါ” ဆိုတာလည်း မရှိပါဘူး။ အလုပ်ပိတ်ရက်ဆိုတဲ့ အကြောင်းတရားကြောင့် သက်သာရာရမယ်ဆိုတဲ့ မျှော်လင့်ချက် စိတ်ကလေး ဖြစ်လာတာပါ။ အဲဒီလို မျှော်လင့်နေတဲ့ စိတ်ကလေးဟာလည်း ဖြစ်ပြီးရင် ပျက်သွားတဲ့ အနတ္တ သဘောတရားသက်သက်ပါပဲ။ ဘာကိုမှ ငါလို့ မယူဘဲ ဖြစ်ပေါ်လာတဲ့ စိတ်တွေရဲ့ သဘာဝ နဲ့ ဖြစ်မှု ပျက်မှုလေးကိုသာ အကဲခတ်ကြည့်ပါ။
ပျော်ရွှင်နေတဲ့ စိတ်ကလေး ဖြစ်ပေါ်လာတဲ့အခါ အဲဒီစိတ်ကလေး ဘယ်လောက်ကြာကြာ ခံလဲဆိုတာ စောင့်ကြည့်ပါလား။


Leave a Reply