တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး ထိုင်နေမှ မဟုတ်ပါဘူး။ လက်ရှိ ဖြစ်ပျက်နေတာကို အရှိအတိုင်း မြင်အောင် ကြည့်တာပါ။
အတွေးတစ်ခု ဝင်လာရင် “ငါ တွေးနေတယ်” လို့ မသတ်မှတ်ဘဲ “အတွေးတစ်ခု ဖြစ်လာတယ်” လို့ပဲ နှလုံးသွင်းပါ။ ဒေါသထွက်ရင်လည်း “ငါ စိတ်တိုတယ်” လို့ မပြောဘဲ “ဒေါသသဘော ဖြစ်နေတယ်” လို့ နှလုံးသွင်းပေးပါ။
သိနေတဲ့စိတ်နဲ့ ဖြစ်ပျက်နေတဲ့ သဘောကြားမှာ သတိလေးထားကြည့်ပါ။ အဲဒီအခါ အရာအားလုံးဟာ သူ့အရှိန်နဲ့သူ လာပြီး၊ သူ့အရှိန်နဲ့သူ ပြန်ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ဝင်စွက်ဖက်စရာ မလိုဘူးဆိုတာ သိလာပါလိမ့်မယ်။
ဒီနေ့တော့ ဖြစ်သမျှကို ဘေးကနေ ကြည့်နေတဲ့သူ (အပေါ်စီးကြည့်သူ) အနေနဲ့ပဲ နေကြည့်ပေးပါ။
ဒီနေ့အတွက် အမေး- ဖြစ်သမျှဟာ ငါ့ခိုင်းစေချက်မပါဘဲ ဖြစ်နေတာကို သတိထားမိရဲ့လား။


Leave a Reply