အတိတ်က အမှားတွေအတွက် နောင်တရပြီး ပူဆွေးနေဖူးလား။ အဲဒါဟာ အတိတ်ကာလက တကယ်ရှိခဲ့ပြီး၊ အဲဒီအချိန်မှာ “ငါ” တကယ်ရှိခဲ့တယ်လို့ ထင်နေလို့ပါ။
တကယ်တော့ အတိတ်ဆိုတာ အခု လက်ရှိမှာ မရှိတော့ပါဘူး။ အရင်က အဖြစ်အပျက်တွေကို မှတ်မိနေတယ်ဆိုတာဟာ ပစ္စုပ္ပန်မှာ ပေါ်လာတဲ့ သညာ ဖြစ်ပျက်လေး သက်သက်ပါပဲ။ အဲဒီ မှတ်သားမှု သညာလေး ဖြစ်ပြီး ပျက်သွားတာကို မသိတဲ့အခါ အမှန်တကယ်ပဲ ပြန်ဖြစ်နေသလို ခံစားရပြီး ပူလောင်ရတာပါ။ သညာရဲ့ လှည့်စားမှုကို ပစ္စုပ္ပန်တည့်တည့်မှာ မြင်အောင်ကြည့်ပြီး မရှိတော့တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်ပါ။
ခေါင်းထဲမှာ အတိတ်က အတွေးတွေ ဝင်လာတိုင်း ဒါဟာ သညာဖြစ်ပျက် သက်သက်ပါလားလို့ သတိပြုကြည့်လိုက်ပါ။


Leave a Reply