တရားအားထုတ်တယ်ဆိုတာ အတိတ်ကို ပြန်တွေးနေတာ၊ အနာဂတ်ကို မျှော်လင့်နေတာမျိုး မဟုတ်ပါဘူး။ အခု ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတာကို အရှိကိုအရှိအတိုင်း လေ့လာခြင်း ပါပဲ။
စိတ်ဆိုးရင် ဆိုးမှန်းသိတဲ့၊ ဝမ်းသာရင် ဝမ်းသာမှန်းသိတဲ့ သိစိတ် (ဝိဉာဏ်) လေးတွေဟာ တစ်ခုပေါ်လာပြီး တစ်ခု ပျောက်သွားပါတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ စိတ်အစဉ်ကို ဝင်မစွက်ဖက်ဘဲ အသာလေး စောင့်ကြည့်နေတာကို စိတ္တာနုပဿနာ လို့ ခေါ်ပါတယ်။ ဘာကိုမှ ဖန်တီးမယူဘဲ အခု ချက်ချင်း ဖြစ်နေတဲ့ စိတ်အခြေအနေကိုပဲ သိပေးနေလိုက်ပါ။
အခု စာဖတ်နေရင်းနဲ့ ကိုယ့်ရဲ့ စိတ်အခြေအနေလေး ဘယ်လိုရှိနေလဲဆိုတာကို သက်သက်သာသာလေး စောင့်ကြည့်ပေးပါ။


Leave a Reply