“ငါ” မရှိရင် ဘယ်သူက အလုပ်လုပ်နေတာလဲလို့ မေးစရာ ရှိပါတယ်။
တကယ်တော့ ခန္ဓာကိုယ်ဟာ သူ့အလုပ်သူ လုပ်နေတာပါ။ ဗိုက်ဆာရင် အစာတောင်းတယ်၊ ညောင်းရင် ပြောင်းချင်တယ်၊ အသံကြားရင် ကြားသိစိတ် ဖြစ်လာတယ်။ ဒါတွေဟာ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ သဘောတရားတွေပဲ။
ကျွန်တော်တို့ကသာ ကြားထဲကနေ “ငါ ဗိုက်ဆာတယ်”၊ “ငါ နာတယ်” ဆိုပြီး ဝင်ပိုင်စိုးလိုက်တာ။ အဲဒီလို ပိုင်စိုးလိုက်တဲ့အခါ “ငါ့စိတ်တိုင်းမကျဘူး” ဆိုတဲ့ ဒုက္ခက ကပ်ပါလာတော့တာပါပဲ။
ဒီနေ့ နေ့လယ်စာစားတဲ့အခါ “ငါ စားနေတာလား” ဒါမှမဟုတ် “ဗိုက်ဆာတဲ့ဝေဒနာကြောင့် ရုပ်ခန္ဓာက လှုပ်ရှားနေတာလား” ဆိုတာကို အေးအေးဆေးဆေး စောင့်ကြည့်ကြည့်ပါ။
ဒီနေ့အတွက် အမေး- ငါ့အလိုအတိုင်း တစ်ခုခုကို မဖြစ်အောင်လုပ်လို့ ရပါသလား။


Leave a Reply