သောကြာနေ့ ရောက်လာပြီဆိုတော့ မနက်ဖြန် နားရတော့မယ်ဆိုပြီး စိတ်တွေ ပေါ့ပါးနေတတ်ကြတယ်။ တစ်ပတ်လုံး အလုပ်လုပ်ခဲ့ရလို့ “ငါ ပင်ပန်းနေပြီ၊ ငါ နားရတော့မယ်” လို့ တွေးတတ်ပါတယ်။

သေချာ လေ့လာကြည့်ရင် တကယ်တမ်း ပင်ပန်းနေတဲ့ “ငါ” ဆိုတာ မရှိပါဘူး။ ခွန်အားစိုက်ထုတ်ခဲ့ရလို့ နွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်အစဉ်ပဲ ရှိပါတယ်။ မနက်ဖြန် အနားယူမယ့် “ငါ” ဆိုတာလည်း မရှိပါဘူး။ သက်တောင့်သက်သာ ဖြစ်သွားမယ့် ရုပ်နဲ့ နာမ် အသစ်တွေ အစားထိုးလာဖို့ပဲ ရှိပါတယ်။

ဘာကိုမှ “ငါ” ဆိုတဲ့ ပညတ်ချက်နဲ့ မချည်နှောင်ဘဲ ဖြစ်ပေါ်လာတဲ့ အကြောင်းအကျိုးတွေကို အကြောင်းအကျိုးတွေ အတိုင်းလေး သိပေးနေလိုက်ပါ။

ပင်ပန်းတယ်ဆိုတဲ့ ခံစားမှုလေးကို “ငါ” နဲ့ မသက်ဆိုင်ဘဲ အကြောင်းအကျိုးတွေ အဖြစ် နောက်ဆုတ် ကြည့်ပေးလို့ ရမလား။


Leave a Reply

Your email address will not be published. Required fields are marked *