ဥပမာ- စိတ်ဆိုးလာရင် ဆိုးမှန်းသိလိုက်ပါ။ သိလိုက်တဲ့ အချိန်မှာ စိတ်ဆိုးတာလေးက ပျောက်သွားတတ်ပါတယ်။ အဲဒီလို ဖြစ်ပြီး ပျောက်သွားတဲ့ စိတ်ကလေးတွေကို လိုက်ကြည့်နေတာကို ဖြစ်ပျက်ကို လေ့လာတယ်လို့ ခေါ်ပါတယ်။

စိတ်ဆိုတာ တစ်ခုပြီးတစ်ခု အစားထိုး ဖြစ်ပေါ်နေတာပါ။ အဲဒီလို ဖြစ်ပျက်နေတဲ့ စိတ်အစဉ်ကြီးထဲမှာ ခိုင်မာတဲ့ “ငါ” ဆိုတာ ရှာလို့မရပါဘူး။ ကိုယ်တိုင် လက်တွေ့ လေ့လာကြည့်မှသာ ငါဆိုတာ တကယ်မရှိဘူးဆိုတဲ့ အမှန်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့ သိလာမှာပါ။

အခု စာဖတ်နေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးလေးတစ်ခု ဘယ်လို ပျောက်သွားလဲဆိုတာကို အသာလေး စောင့်ကြည့်လိုက်ပါ။


Leave a Reply

Your email address will not be published. Required fields are marked *