ကျွန်တော်တို့မှာ “ငါ” ဆိုတဲ့ အစွဲရှိနေသရွေ့ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတတ်ကြတယ်။ “ငါ ဒီလို မလုပ်ခဲ့သင့်ဘူး” ဆိုပြီးတော့ပေါ့။

တကယ်တော့ အဲဒီအချိန်က အကြောင်းတိုက်ဆိုင်မှုတွေကြောင့် အဲဒီလို ဖြစ်ခဲ့ရတာပါ။ အဲဒီတုန်းက “ငါ” ကော အခုရှိသေးလို့လား။ အခု နောင်တရနေတဲ့ “ငါ” ကကော နောက် ၅ မိနစ်နေရင် ရှိဦးမှာလား။

ဖြစ်ပြီးသမျှဟာ အကြောင်းအကျိုးတွေအရ ဖြစ်သင့်လို့ ဖြစ်ခဲ့တာပါ။ အကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေပေါ်မှာ ဘယ်သူ့ကိုမှ အပြစ်တင်နေစရာ မလိုပါဘူး။ ကြောက်စရာလည်း မလိုပါဘူး။

အမှန်ကို မြင်တဲ့စိတ်မှာ နောင်တနဲ့ ကြောက်ရွံ့မှုအတွက် နေရာမရှိတော့ဘူး။


Leave a Reply

Your email address will not be published. Required fields are marked *