ဒီတစ်ပတ်လုံး အနိစ္စ၊ အနတ္တ၊ ဖြစ်ပျက်လေ့လာတာနဲ့ သညာရဲ့ သဘောတရားတွေကို ဆွေးနွေးခဲ့ကြတယ်။ စာတွေဖတ်ပြီး သဘောတရားတွေကို သိနားလည်ရုံနဲ့တော့ ခန္ဓာဉာဏ်ရောက်မှာ မဟုတ်ပါဘူး။ လက်တွေ့ ကျင့်သုံးဖို့က အရေးအကြီးဆုံးပါ။
ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့၊ တရားထူး တရားမြတ်တွေ ရဖို့အတွက် အဓိပတိတရားလေးပါး နဲ့ပြည့်စုံရင် မိမိလိုတာ ပြည့်တယ် ဆိုတာကို သတိရပါ။ ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ ဆိုတဲ့ အခြေခံကောင်းတွေနဲ့ စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်နေမယ်ဆိုရင် အမှန်တရားကို မျက်မှောက်ပြုဖို့ သေချာပါတယ်။
ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်ကို အမြဲမပြတ် သတိလေးနဲ့ စောင့်ကြည့်ရင်း နေ့စဉ်ဘဝကို ဖြတ်သန်းကြပါစို့။
ဒီနေ့ တိတ်တိတ်ဆိတ်ဆိတ် နေရင်း ကိုယ့်ရဲ့ လေ့လာမှု အတွေ့အကြုံလေးကို ခဏလောက် ပြန်လည်သုံးသပ်ကြည့်ပါဦး။


Leave a Reply