ကျနော်။ ။ ဦးမောင်မောင် ပြောပါဦး
ဦးမောင်မောင်။ ။ အသံကြားလိုက်တယ်ဆိုတဲ့ ထိုင်နေရင်း အသံကြားလိုက်တယ် အဲ့အသံကိုလည်း ကြားလိုက်တယ် ဆိုတဲ့နေရာမှာပဲ ထပ်ပြီးတော့ ဒါကားလား ဘာကားလဲ တွေမလုပ်တော့ဘူး ကြားစိတ်တွေ ဖြစ်တယ် ဖြစ်သွားတယ် သူသိတဲ့အချိန်ကြတော့ကိုယ်ကဒါဖြစ်သွားပြီ။ နောက်ဆုံးကိုဝင်လေထွက်လေ တွေရှု့တာတောင်မှ အရင်တုန်းကတော့ထင်တာကလေ ရှူလိုက်တဲ့ဟာဖြစ်တာ ပြန်ထုတ်လိုက်တာ ပျက်တာအဲ့လိုမျိုး ထင်တာအမှန်မှာတော့ မဟုတ်ဘူး အမှန်ကရှူတဲ့အချိန်မှာပဲ ရှူနေလို့မှတ်ဖြစ်တယ်ပျက်တယ် ဖြစ်တယ် ပျက်တယ်ဖြစ်နေရမှာ။
ကျနော်။ ။ ဟုတ်တယ်။
ဦးမောင်မောင်။ ပြန်ထုတ်လိုက်တဲ့အချိန်မှာလည်း ဖြစ်တယ် ပျက်တယ်။ ဖြစ်တယ် ပျက်တယ် နောက်ဆရာပြောတဲ့ စကားခေါင်းထဲမှာလည်းရှိတယ်။ ရှူချင်တဲ့စိတ်။ ရှူထုတ်ချင်တဲ့စိတ် အဲဒါလေးကိုလည်း ကိုယ်ကပြန်ပြီးတော့ လေရှူထုတ်ချင်တဲ့စိတ် တစ်ခုခုမှတ်နေရင်းနဲ့ ဥပမာခြေထောက်ဘက်ကို စိတ် ၀ရောက်သွားတယ် ဆိုလို့ရှိရင် ခြေထောက်လေးက နည်းနည်းလေးမာ ကျင်တာဖြစ်တယ်ဆိုလို့ရှိရင် လည်းဒါကတော့ဒါရုပ်ရယ်ဖောက်ပြန်မှု။ ဆိုတော့ဒါလေးကိုလည်း ရှုလိုက် ဖြစ်ပျက် ဖြစ်ပျက် ရှုပြီး ဖျောက်လိုက်တယ်ပေါ့ စိတ်ကညွှတ်ပစ်လိုက်တာ တခြားကိုညွှတ် လိုက်တာ ဒီမှာမရှုပဲ နှာခေါင်းဘက်ကို ပြန်ရှုတဲ့ဘက်ကိုပြန် တည့်အပျက်ကတော့တောက်လျောက်ရှုရအောင်မှာပဲ သိတယ် ဘာလို့ဆိုအခုကလေ ဆရာ့စာတွေပြန် တိုက်ပြီးတော့ကိုယ့်ဟာတွေကိုပြန်ဆင်ခြင်၀တဲ့အခါမှာ ငါဆိုတာကြီးက တော်တော်ကို ကျန်နေသေးတာ အရင်တုန်းကတော့ ထင်တာ ဒါပေမယ့် အခုဥစ္စာဘယ်လိုခေါ်မလဲဆိုတော့ ဟိုသညာသိပဲပြောရမယ်ပေါ့နော် သညာသိအနေနဲ့ကတော့ဒါရုပ် ငါမဟုတ်ဘူး ဆိုတာတော့ လုံးဝကို ငါမဟုတ်ဘူးဆိုတာတော့သိတယ် ဒါပေမဲ့ကျန်တာတော့ကျန်သေးတယ်။ ဆရာနဲ့စကားပြောတဲ့အခါ ပြန်ဆင်ခြင်တာ အိမ်ပြန်ရောက်တော့ ဆင်ခြင်တာလေ ငါတွေတော်တော်များ ကိုယ့်ကိုယ်အထင်ကြီးစိတ် အဲ့ဒါတွေလည်း ရှိတယ်ဆိုတော့ ငါမပျောက်သေးဘူး သညာသိနဲ့ပဲပျောက်သွားတယ်။ ကိုယ်မဟုတ်ဘူး ငါမဟုတ်ဘူး ဆိုတာ သညာထဲကတော့ ကောင်းကောင်းသိတယ် ပရမတ်နဲ့ ရောတွေးနေတယ် လို့ပဲပြောရမှာပေါ့နော်။
ကျနော်။ ။ ဟုတ်။
ဦးမောင်မောင်။ ။ ဘာလို့လဲ ဆိုတော့ ငါတွေကတော့ တော်တော်များများ နေသေးတယ် ဒါပေမယ့် ငါမဟုတ်ဘူးဆိုတာ သိတယ် အကျိုးနဲ့ အကြောင်း အကျိုးအကြောင်းတွေ လို့သိတယ် နောက်တစ်ချက်က တရားမှတ်နေလို့ရှိရင်လေ ကိုယ်ကဘယ်လိုဖြစ်လာလဲဆိုတော့တခါ တခါကြရင်ဒီနှလုံးနားလေးပေါ့ အဲ့လိုနှလုံးခုန် နေတာကို သိနေတာ ဆရာကိုတစ်ခါပြောသလို သွေးတိုးတာမဟုတ်ဘူး သွေးတွေဒုံးဒုံးနဲ့ အဲ့လိုမျိုး feeling ကို တရားဖြုတ်လိုက်တဲ့အချိန်မှာတောင်အဲ့ဒီဟာကျန်နေတယ် အဲ့ဒါသွေးများတိုးနေလားမသိဘူး။ ဒါပေမယ့်သွေးတိုးကတော့ရှိမှာဘယ်လိုသိတာလဲဆိုတော့ဟိုဇက်ကြောကြီးတွေတိုးလာတယ် ပခုံးကြောကြီး တွေတင်းလာတယ် ဒါဆိုသွေးတိုးတာသွေးတိုးတာပဲ ဒါပေမယ့်ဒုံးဒုံးနဲ့တော့မတူဘူး ကိုယ်ကသက်သက်ကိုသိတာ ကိုယ်နှလုံးသွေးတွေး တိုးတွေးနေတဲ့ဟာကို ခံစားနေတာ။
ကျနော်။ ။ စိတ် စေတသိတ် ရုပ် နိဗ္ဗာန် အဲ့တာပရမတ်တရားပေါ့ ပရမတ္တတရား လေးပါးလို့ခေါ်တယ် တကယ်ရှိတာသည် ဒါပဲရှိတယ်ပေါ့နော် ရုပ်ဆိုတာကတော့ ကျွန်တော်တို့ရဲ့ရုပ်ဒီခန္ဓာကိုယ်ကြီးပဲ အဲ့တာဘာနဲ့တူလဲဆိုတော့ ရုပ်ဆိုတာက သေသွားလို့ရှိရင် ကျန်ခဲ့တဲ့ရုပ်နဲ့ အတူတူပဲပေါ့ အဲ့တာရုပ်ပေါ့ သူကသိတတ်တဲ့ သဘောမရှိဘူး သူကဘာမှသိတတ်တဲ့သဘောမရှိဘူး အဲ့တော့ စိတ်နဲ့ စေတသိတ်ကကျတော့ သူကတွဲပြီးဖြစ်တယ်။ စိတ်နဲ့ စေတသိတ်က တွဲပြီးဖြစ်တယ်။ စိတ် နဲ့ စေတသိတ် ကို ပေါင်းကြည့်လိုက်လို့ရှိရင် ကျနော်တို့ နာမ်ခန္ဓာ (၄) ပါးရမယ်။ အဲ့တာဘာတွေလဲဆိုတော့ ဝေဒနာရယ် သညာရယ် စိတ်ကဝိဉာဏ်ပေါ့ပြီးတော့ နောက်ပြီးသင်္ခါရကကျတော့ စေတသိတ်ပေါ့ နော်အဲ့တာ ရတယ် အဲ့ဒါနာမ်ခန္ဓာလေးပါး ပေါ့နော် ဆိုတော့ အဲ့ဒီမှာကျွန်တော်တို့က လောက ထဲမှာ ရှိတာသည် ဘာရှိလဲဆိုတော့ ရုပ်နဲ့နာမ်ပဲရှိတယ် ဟုတ်လား အဲ့တော့နိဗ္ဗာန်ကျတော့ လောကအပြင်ဘက်မှာ ရှိတာပေါ့နော် လောကရဲ့အပြင်ဘက်ပေါ့ လောကုတ္တရာဆိုတော့ လောကရဲ့အပြင်ဘက်မှာရှိတာပေါ့ အဲ့တော့ကျွန်တော်တို့က ဘာကိုကြည့်ရမှာလည်းဆိုတော့ ဥပမာ အခုဖြစ်ပျက်ရှုတယ်ပေါ့ ဖြစ်ပျက်ရှုတယ်ဆိုတာ ဘာကိုရှုတာဆိုတော့ ရုပ်နာမ်ရဲ့ဖြစ်တဲ့အစဉ်ကိုရှုတာဟုတ်လား အဲ့ဒီမှာပထမဦးဆုံး ကျွန်တော်တို့က ငါသွားလို့စိတ်ဆိုတာလေး ပေါ်လာမယ် ဥပမာ သွားတယ်ပေါ့။ သွားတယ်ပဲဖြစ်ဖြစ် ၊လက်ကိုလှုပ်ရှားတယ်။ တစ်ခုခုလုပ်တယ်ပေါ့။ ဘာပဲလုပ်လုပ်ပေါ့။ ရုပ်ကြီးက သိတတ်တဲ့သဘောမှမရှိတာ။ အဲ့တောရုပ်ကြီး ကလုပ်တာမဟုတ်ဘူး။ ဘယ်ကစလဲဆိုတော့ နာမ်ကပဲလုပ်တာ။ နာမ်မှာပထမဘာဖြစ်လဲဆိုတော့ ဥပမာ သွားတယ်ဆိုတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ မြင်ကြည့်ရအောင်နော်။ သွားတယ်။ လမ်းလျှောက်တယ် ဆိုတဲ့အခြေအနေတစ်ခုမှာ ပထမဦးဆုံးကသွားလိုစိတ် ဆိုတာဖြစ်တယ်။ သွားလိုစိတ်ဆိုတာ ငါသွားလိုစိတ်ပေါ့။ ငါသွားချင်တယ်ပေါ့။ တစ်နေရာကိုသွားချင်တယ်ပေါ့။ သွားချင်တဲ့စိတ်ဖြစ်တယ်။ ခြေထောက်လှမ်းခါနီးမှာပေါ့။ ခြေထောက်လှမ်းခါနီးမှာဖြစ်တာပေါ့။ စိတ်ရဲ့ဖြစ်စဉ်က အရမ်းမြန်တော့ အသေးစိတ်မြင်သာအောင်လို့ ပြောပြရတယ်။ တကယ်တကယ်ကတော့ဖြစ်သွားတာ အရမ်းမြန်တယ်။ ခေါင်းညိတ်တဲ့အချိန်မှာလည်း ခေါင်းညိတ်ချင်စိတ်ဖြစ်တယ်။ ခေါင်းညိတ်ချင်စိတ်ဖြစ်ပြီးတော့မှ အဲ့တာမရမနေခေါင်းညိတ်ချင်စိတ် ဖြစ်တယ်။ အဲ့လိုမျိုးပဲပေါ့။ အဲ့ဒါကိုကျွန်တော်တို့သွားလိုစိတ်နဲ့ မြင်သာအောင်ပြောပြမယ်ပေါ့နော်။ အဲ့တော့သွားတဲ့ အခါကျလို့ရှိရင် သွားလိုစိတ်ဖြစ်တယ်။ သွားလိုစိတ်မှာ ငါသွားလိုစိတ်ဆိုတဲ့အခါကျတော့ ဒိဋ္ဌိနဲ့ ပေါင်းသွားလိုတယ်ဆိုတာတဏှာ။ ငါဆိုတဲ့ဟာကဒိဋ္ဌိ နောက်တဏှာနဲ့တွဲပြီးတော့ဖြစ်တယ်။ အဲ့တာ ဖြစ်ပြီးတဲ့အခါကျ လို့ရှိရင်ဘာဖြစ်လဲဆိုတော့ မရမနေသွားလိုစိတ်ကြီးဖြစ်တယ်။ အဲဒီသွားလိုစိတ် တွေကအားကောင်းလာတယ်။ အားပိုပြီးအားကောင်းလာတယ်။ မရမနေသွား လိုတဲသဘောဖြစ်လာတယ်။ အဲ့တာသည်ဘာလို့ ခေါ်လဲဆိုတော့ ဥပါဒါန်လို့ခေါ်တယ်။ ဥပဒါန်ပေါ်လာပြီးတဲ့ နောက်ကျတော့မှ ဘာဖြစ်လာလဲဆိုတော့ သွားမယ်ဆိုတဲ့ စေ့ဆော်မှုတွေဖြစ်တယ်။ ခြေထောက်လှမ်းလိုက်မယ်ပေါ့ ဆိုတဲ့စေတနာလေး၊ ခြေထောက်လှမ်းချင်တယ်ဆိုတဲ့ စေတနာလေး၊ ခြေထောက်လှမ်းလိုက်မယ်ဆိုတဲ့ သဘောလေးပေါ့။ အဲဒီစေ့ဆော်မှုလေးဖြစ်တယ်။ အဲ့စေ့ဆော်မှုလေးကတော့ ဖမ်းရတာခက်တယ်။ ဒါပေမယ့် အဲဒီစေ့ဆော်မှုလေးတွေ ရအောင် ရှု။ အဲ့တော့သွားလိုတာ ကလည်းနာမ်တရားပဲ။ ဟုတ်လား။ မရမနေ့သွားလိုစိတ် ဖြစ်တာလည်း နာမ်တရားပဲ။ စေ့ဆော်မှုလေးဖြစ်တာလည်း နာမ်တရားပဲ။ အဲ့တော့ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ဒီမှာစေ့ဆော်မှုလေး ဖြစ်သွားတဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ခြေထောက်မှာသွားပြီးတော့ လေရုပ်သွားဖြစ်တယ်။ ဝါယောရုပ်သွားဖြစ်တယ်။ ဝါယောရုပ်သွားဖြစ်တော့ တွန်းကန်တယ် လှုပ်ရှားတယ် အဲ့တော့တွန်းကန်လိုက်တဲ့ သဘောသွားဖြစ်တယ်။ အဲ့ရုပ်ကိုကျွန်တော်တို့က ဘယ်လိုခေါ်လဲဆိုတော့ စိတ်ကြောင့်ဖြစ်သောရုပ်လို့ခေါ်တယ်။ စိတ်ကြောင့်ဖြစ်သောရုပ် ဆိုတာ စိတ်ကြောင့် အဲ့လိုရုပ်ကလေးပေါ်လာတယ်။ ပေါ်လည်းပေါ်လာရော ကျွန်တော်တို့ကဒီကနေပြီးတော့ အဲဒီရုပ်ကရွှေ့သွားတဲ့ဟာ ကို ဘာကမြင်လိုက်လဲဆိုတော့ နာမ်အနေနဲ့ပဲမြင်စိတ်ပေါ်လာတယ်။ ကိုယ့်ခြေထောက်ရွေ့သွားတယ်။ အဲ့မှာကျွန်တော်တို့က ဘာထပ်ဖြစ်လည်းဆိုတော့ ငါလှုပ်လိုက်တယ်၊ ငါမြင်တယ်။ ဆက်ပြီးတော့ထပ်သွားလိုက် ခြေထောက်က နည်းနည်းလေးပဲရွေ့သေးတာကို ထပ်ရွေ့ချင်သေးတယ်။ ဆိုတော့အဲ့ဒါဆက်သွားလို စိတ်ထပ်ပေါ်တယ်။ အဲ့ဒါကဒီ တဏှာဒိဋ္ဌိနဲ့တူတူပဲ တဏှာနဲ့ ဒိဋ္ဌိပဲထပ်ပေါ်နေတယ်။ အဲ့ဒီကနေပြီးတော့ဥပါဒါန် ထပ်ဖြစ်တယ်။ မရမနေသွားလို့စိတ်ထပ်ဖြစ်တယ်။ ပြီးလို့ရှိရင်စေတနာထပ်ဖြစ်တယ်။ ရုပ်ကတစ်ခေါက်ထပ်ပြီးတော့ ရွေ့သွားမယ်။ ဒီမှာရုပ်တစ်ခေါက်ထပ်ပြီး ရွေ့သွားမယ်။ ဟုတ်လား။ အဲ့လိုမျိုး အဲ့ဒါသူက ကျွန်တော်တို့လည်နေတဲ့ အပိုင်းပေါ့။ ခန္ဓာကိုယ်ကအဲ့လိုပဲ လည်ပတ်နေတယ်။ လှုပ်ရှားမှု ကာယကံမှန်သမျှက အဲ့ထဲကိုထည့်လို့ရတယ်။ လှုပ်ရှားမှု ကာယကံမှန်သမျှ အဲ့လိုဖြစ်နေတာ ဖြစ်နေရင် ကျွန်တော်တို့က ဘယ်နေရာမှာ ရှုရလဲဆိုတော့ သွားလိုစိတ် သူ့ကိုရှုလည်းရတယ်။ သွားလိုစိတ်ပေါ်တယ်။ သွားလိုစိတ်က ဖြစ်တယ်လို့ရှုလိုက်လို့ရှိရင် ဒီကြားထဲမှာ ဘာပေါ်လာလဲဆိုတော့ ဖြစ်ပျက်တယ်လို့ ရှုတဲ့စိတ်ပေါ်လာတယ် ဟုတ်လား အကယ်၍ ဒီမှာကျွန်တော်တို့က ဖြစ်ပျက်ရှုတဲ့စိတ် ပေါ်လာတယ် သူလည်းနာမ်တရားပဲ ဟုတ်လား ဖြစ်ပျက်ရှုတဲ့စိတ်ပေါ်လာတယ် အဲ့ဒါဆိုရင်တော့ သွားတဲ့အဆင့်ထိ ကိုမရောက်တော့ ဒီမှာတင်ပျက်သွားတာ သွားလိုစိတ်လေး ဖြစ်ပြီးပျတ်သွားပါလား လို့သဘောပေါက်လိုက်တယ် အဲ့တော့အကယ်၍ အဲဒီမှာမဟုတ်ဘဲနဲ့ မရမနေသွားလို့စိတ်ကို ရှုရင်လည်း အဲ့လိုပဲဖြစ်ပျက်ရှုစိတ် ပေါ်လာလို့ရှိရင် ဒီမှာ နာမ်ဓမ္မပေါ်လာလို့ရှိရင် လှုပ်ရှားတဲ့ဆီမရောက်တော့ဘူး။ အဲ့တော့ကျွန်တော်တို့က ကာယကံလုပ်နေတဲ့ အခါမှာလည်း အဲ့လိုရှုလို့ရတယ် ဟုတ်လား ဘယ်အချိန်မှာ ကောက်ရှုရှု စေတနာလေးပေါ်လာတယ် စေတနာလေးကဖြစ်ပြီးပျတ်သွားပဲ လို့ရှုလိုက်ရင်လည်း အဲ့မှာဒီရုပ်လှုပ်ရှားတဲ့ဆီကို မရောက်တော့ဘူး အဲ့မှာပဲဖြစ်ပြီးပျတ်သွားတယ်ပေါ့ အဲ့လိုမျိုးပေါ့ အစားထိုးသွားတယ်ပေါ့ နာမ်အစားထိုးတာနော် အဲ့လိုမျိုးပေါ့ အဲ့ဒါကျွန်တော်တို့ရှုမယ်ဆိုလို့ရှိရင် ဒီကြားထဲမှာရှုရတယ် မြင်စိတ်ပေါ်လာတယ် မြင်စိတ်နောက်မှာရှုချင်လည်း ရတယ် ဒီနောက်မှာ မှာဒီကြားတွေထဲမှာ ရှုလို့ရတယ်။ ရှုရမှာဒီနာမ်တွေရဲ့ကြားထဲမှာ ကျွန်တော်တို့ကရှုရမှာ တရားရှုမှတ်တဲ့အခါကျတော့ ဟုတ်လားနော် အဲ့တော့ အဲ့ဒါကတော့ရှုရမယ့်ဟာပဲပေါ့ ဟုတ်လား အခု ကာယကံကို ကျွန်တော်တို့ကပြောတာ ဟုတ်လား ရုပ်လှုပ်ရှားတယ်ဆိုတာ ကာယကံခေါ်တာပေါ့နော် အဲ့ဒါကိုဝစီကံမှာလည်း အဲ့အတိုင်းပဲဖြစ်တယ်။ စကားပြောမယ်ဆိုလို့ရှိရင်လည်း ပြောချင်စိတ်ဖြစ်တယ်။ မရမနေပြောချင်စိတ်ဖြစ်တယ်။ ပြီးလို့ရှိရင် ပြောလိုက်မယ်ဆိုတဲ့ စေတနာလေးဖြစ်တယ်။ အဲ့ဒီစေတနာလေး ပြောပြီးတော့နောက်မှာ ခုနပြောသလိုပဲ လေရုပ်စဖြစ်ပြီးတော့ ဝါယောရုပ်ဖြစ်ပြီးတော့ စကားသံထွက်လာတယ် အဲ့ဒါကရုပ်ဖြစ်လာတာပေါ့နော် အဲ့ဒါဆိုလို့ရှိရင် ဒီမှာကျတော့ ဘာဖြစ်သွားမလဲ ကြားစိတ်ပြန်ပေါ်လာမယ် ကြားစိတ်ပေါ်လာမယ် ကိုယ်ပြောတဲ့အသံကို ကိုယ်ပြန်ကြားရတယ် ကြားစိတ်ပေါ်လာပြီးရင် ဆက်ပြောလိုစိတ်ပေါ်လာမယ် ပြီးရင်မရမနေ ဆက်ပြောမယ်ဆိုတဲ့ သဘောပေါ်လာမယ် ပြီးရင် ခုနပြောသလိုပဲ အသံထပ်ထွက်လာ အဲ့ပုံစံအတိုင်း သွားနေတာပေါ့နော် အဲ့ဒါကိုကျွန်တော်တို့က ပဋိစ္စသမုပ္ပါဒ်လို့ခေါ်တယ် အဲ့တာ ပဋိစ္စသမုပ္ပါဒ်ဘက်ကိုရှင်းပြတာ။ ပဋိစ္စသမုပ္ပါဒ်ဘက်မှာ ပထမဦးဆုံးဘာရှိလဲဆိုတော့ သဠာယတနဆိုတာရှိတယ်။ သဠာယတနဆိုတာအာရုံ၆ပါးပေါ့။ မျက်စိ နား၊ နှာခေါင်း လျှာ ကိုယ် စိတ် ပေါ့။ အဲ့ဒါ သဠာယတန ပေါ့။ အဲ့သလို သဠာယတနမှာ တစ်ခုခုလာပြီးထိတွေ့တဲ့အခါကျရင် ဖဿဖြစ်တယ်။ ဖဿဖြစ်ပြီးတဲ့နောက်မှာ ဝေဒနာဖြစ်တယ်။ ဝေဒနာဖြစ်တဲ့နောက်မှာ တဏှာမာနဒိဋ္ဌိ ဖြစ်တယ်။ တဏှာနဲ့ဒိဌိနဲ့တွဲပေါ်တယ်ပေါ့နော်။ တဏှာမာနဖြစ်တယ်။ ပြီးလို့ရှိရင် ဥပါဒါန်ဖြစ်တယ်။ ဥပါဒါန်နောက်မှာ ဒီမှာ စေတနာလေး သင်္ခါရဖြစ်တယ်။ အဲဒီမှာ ကာယကံ စေတနာရှိတယ်။ ဝစီကံစေတနာရှိတယ်။ မနောကံစေတနာရှိတယ်။ အဲ့တော့ မနောကံစေတနာကိုရှုနိုင်လို့ရှိရင် ကျွန်တော်တို့က ဘာကိုရှုလို့ရလဲဆိုတော့ တွေးစိတ်တွေကိုရှုလို့ရတယ်။
မနောကံစေတနာဆိုတာတကယ့်တကယ်ကတွေးစိတ်တွေပဲဟုတ်လား။ဥပမာအသံတစ်ခုကြားလိုက်တယ်။ကြားလိုက်တဲ့အသံက နားစည်မှာလာပြီးတော့ ထိပါးသွားတာ။ ထိတဲ့အခါကျလို့ရှိရင် ဖဿဖြစ်တယ်။ ဖာဿဖြစ်ပြီးလို့ရှိရင် ဥပေက္ခာဝေဒနာဖြစ်တယ်။ ဥပေက္ခာဝေဒနာဆိုတာ အကောင်းအဆိုး မသိလိုက်ဘူးပေါ့။ မသိလိုက် မသိသာတဲ့ မထင်ရှားတဲ့ ဝေဒနာပေါ့ ဥပက္ခာဝေဒနာ ဖြစ်တယ်။ ဥပေက္ခာဝေဒနာ ဖြစ်ပြီလို့ရှိရင် ဘာထပ်ဖြစ်မလဲ။ တဏှာမာန ဒိဋ္ဌိ ဖြစ်မယ်။ အသံကြားလိုက်တဲ့ အပေါ်မှာမူတည်ပြီး တဏှာလာလိမ့်မယ်။ ဘာအသံပေါ့။ ဆိုတဲ့သဘောဖြစ်မယ်။ အဲ့တာဘာအသံပေါ့။ နောက်ပြီးတော့ အဲဒီအသံကနေပြီးတော့ ကျွန်တော်တို့က ဘာတွေးချင်တယ်ပေါ့။ ဥပမာ အသံကားဟွန်းသံပေါ့။ နောက်အတွေးက ပေါ်လာတဲ့ကားဟွန်း သံ တွေကဆူညံနေတာပဲပေါ့။ ငါ့အိမ်နားမှာပေါ့။ ဆိုတာ အဲ့ဒါဘာလဲဆိုတော့ တဏှာနဲ့ ဒိဌိနဲ့ မာနနဲ့ တွဲပြီးတော့ ပေါ်လာတာပဲ။ ဟုတ်လား။ အဲ့တော့တွဲပေါ်လာပြီလို့ရှိရင် ဥပဒါန်ပေါ့။ အဲ့ဒီဟာကနေပြော တာက အဲ့တာဆိုလို့ရှိရင် ငါအိမ်တံခါးလုံအောင်လို့ တံခါးပိတ်လိုက်မယ်ပေါ့။ အဲ့လိုပေါ်ရင်ပေါ်လာမယ်။ ပေါ်လာပြီးသွားလို့ရှိရင် အဲ့နောက်ကနေပြီးတော့ ကာယကံသွားဖြစ်မယ်။ ဒါမှမဟုတ်လည်း ကားဟွန်းသံကြားတယ် ဥပဒါန်ပေါ်လာမယ်။ ဒါမှမဟုတ်လည်း ကားက ဘာကားဖြစ်မယ်ပေါ့။ အဲ့ကားလေး ကတော့မဆိုးဘူးပေါ့ ကောင်းတယ်ဆိုတဲ့ အတွေးပေါ်ရင်ပေါ်လာမယ်။ ကောင်းတယ်ဆိုတဲ့ အကြောင်းကို အတွေးဆက်ပြီး မဖြစ်မနေတွေးမယ် ဆိုတဲ့ သဘောပေါက်လာမယ်။ ပြီးလို့ရှိရင် ဆက်တွေးမယ်။ ကားက ဘယ်လို၊ အမျိုးအစား ကတော့ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အဲ့တာအတွေးတွေက ဆက်သွားမယ်။ သဠာယတနက မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် လေ ဟုတ်တယ်မလား။ ကျွန်တော်တို့က ကာယကံနဲ့ ဝစီကံ ဖြစ်တဲ့အခါမှာ မျက်စိနဲ့ နားကို သွားဖြစ်တယ် ဟုတ်လား ကာယကံနဲ့ ဝစီကံ ဖြစ်တဲ့အခါမှာ မျက်စိနဲ့ နားကို သွားပြန်တိုက်တယ် ဟုတ်လား ဥပမာ ကာယကံမြောက်က ဖယောင်းတိုင် ထွန်းလိုက်တာတို့ အမွေးတိုင်ထွန်းလိုက်တာတို့ ဆိုရင် နှာခေါင်းမှာ သွားတိုက်တယ် ကာယကံမြောက်က တစ်ခုခုကို ပါးစပ်ထဲထည့်လိုက်တာဆိုလို့ရှိရင် လျှာ မှာသွားဖြစ်တယ် ကာယကံက ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ထိလိုက်တာဆိုရင် ကိုယ်မှာသွားဖြစ်တယ် အဲ့တော့ မနောကံ ဝစီကံ ဆိုလည်း အဲ့လိုပဲ။ ဝစီကံကတော့ နားမှာဖြစ်တာပေါ့။ ဟုတ်လား။ မနောကံဆိုရင်တော့ ကျွန်တော်တို့ဘယ်မှာ သွားဖြစ်လည်းဆိုတော့ စိတ်မှာသွားပြီးတော့ ထိတွေ့မှုသွားဖြစ်တယ်။ ဥပမာ ကားအကြောင်းတွေး လိုက်တယ်ပေါ့။ ဘာကားလေးပေါ့။ ဘယ်လိုကားမျိုးလေး ဖြစ်မယ်ဆိုပြီး တွေးလိုက်တယ်ပေါ့။ ကားအကြောင်းတွေးလိုက်တယ်။ ကားအကြောင်းမနောကံလေး ပေါ်လာ ရင်အဲ့ဒါကစိတ်ကိုသွား ပြီးဖဿဖြစ်လာတယ်။ စိတ်ကိုသွာပြီးရင် ဖဿ ဝေဒနာ ဥပေက္ခာ ဝေဒနာ ဖြစ်မယ်။ ပြီးလို့ရှိရင် အဲဒီကားအကြောင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်တဲ့ အတွေးက ဒီမှာထပ်ပေါ်လာတယ်။ ဆက်စပ်တဲ့အတွေး ထပ်တွေးလာတယ်။ အဲ့တော့ အဲ့ဒီမှာထပ်ပြီးတော့ တွေးမယ်ဆို ဥပါဒါန်ထပ်ဖြစ်တယ်။ မနောကံထပ်ဖြစ်တယ်။ ဒါကျွန်တော်တို့က လည်နေတာ ဒီလိုလည်နေတာ။ လည်နေတဲ့ဟာ ဟုတ်လား အဲ့တော့ အဲ့ကြားထဲမှာ ကျွန်တော်တို့ကဖြတ်ပြီး တော့မှတ်ရမယ်။ ဘယ်မှာ ဖြတ်မှတ်ရမလဲဆိုတော့ ဒီမှာစိတ်ပေါ်လာတယ်ဆို ကျွန်တော်တို့က ဘယ်မှာပေါ်လာလဲဆိုတော့ ဝေဒနာနေရာမှာ ပေါ်တယ်။ ဝေဒနာနောက်မှာစိတ်ပေါ်တာ။ ဟုတ်လား။ ဒီကြားထဲမှာ စိတ်ပေါ်တာ။ ဟုတ်လား။ တဏှာမာန ဒိဋ္ဌိ မရောက်ခင်မှာ ဥပမာအသံကြားတယ်။ ကြားစိတ်ပေါ်တယ် ဟုတ်လား မျက်စိဆိုမြင်စိတ်ပေါ်တယ် နားဆိုလို့ရှိရင် ကြားစိတ်ပေါ်မယ်။ နှာခေါင်းဆိုရင် အနံ နံစိတ်ပေါ်တယ် လျှာ ဆိုရင် အရသာသိစိတ်ပေါ်တယ် ကိုယ်ဆိုရင် ဒုက္ခခံစားစိတ် သုခခံစားစိတ်တွေပေါ်တယ်။ စိတ်ဆိုလို့ရှိလို့ရှိရင် ကြံတွေးလိုတဲ့ ပညတ် ပေါ်လာတယ် အဲ့ဒီအချိန်မှာ အဲ့ဒါကို ကျွန်တော်တို့ကဖြစ်ပြီးပျက်တယ်လို့ ရှုရမယ် ဟုတ်ပြီလား ရမယ်နော် ဒီနေရာမှာပေါ်မှာ ဘာတွေပေါ်မလဲဆိုတော့ဝေဒနာနောက်မှာကြားစိတ်တွေပေါ် မြင်စိတ်ပေါ်မယ် ပြီးရင်အနံ့နံစိတ်ပေါ်မယ် အရသာသိစိတ်ပေါ်မယ် ပြီးလို့ရှိရင် သုခ ဒုက္ခ ခံစားစိတ်ပေါ်မယ် ဟုတ်လား နောက်ပြီးတော့ ကြံတွေးစရာ ပညတ် ကြံတွေးစရာကို ကျွန်တော်တို့က ပညတ်လို့ခေါ်တယ် ပညတ်ဆိုတာ ကြံတွေးစရာပေါ့ ကားဆိုရင် ကားဆိုတဲ့စကားလုံးက ကြံတွေးစရာပေါ့ သူ့သည် ပညတ်လို့ခေါ်တယ် ဟုတ်လား အဲ့ဒါပေါ်လာမယ် အဲ့တော့အဲ့လိုပေါ်လာတဲ့ အခါကျလို့ရှိရင် ပေါ်လာတဲ့ဟာပေါ်မှာ ကြားစိတ်က ဖြစ်ပြီးပျက်နေတာပဲလို့ ရှုမယ် အဲ့တာဆို တဏှာမာန ဒိဋ္ဌိ ဘက်ကို မကူးတော့ဘူး ဟုတ်လား မြင်စိတ်ကလည်း ဖြစ်ပျက်နေတာပဲ လို့ရှုရင် တဏှာမာန ဒိဋ္ဌိ ဘက်ကိုမကူးတော့ဘူး မြင်တဲ့နေရာမှာ ရပ်သွားတယ် အနံ့နံစိတ်ကလည်း ဖြစ်ပျက်တယ်လို့ရှုမယ် အနံ့နံစိတ်ဆိုတာ တကယ့်က ဘာလဲဆိုတော့ ဝိညာဏက္ခန္ဓာပေါ့ ဝိညာဏ်ပဲပေါ့ ဟုတ်လား ဝိညာဏက္ခခန္ဓာပေါ့ အနံ့နံစိတ်ဝိဉာဏ်ပေါ့ မြင်စိတ် ကြားစိတ် ကလည်း ဝိဉာဏ် ပဲပေါ့ဟုတ်လား သူကကျန်တာတွေနဲ့မှ တွဲပေါ်တာ ကိုယ်ကဝိဉာဏ်ရှုလိုက်ရင် ကျန်တာတွေ အကုန်လုံးက တွဲပါပြီးသား ဖြစ်သွားပြီ ဟုတ်လား အနံ့နံစိတ်ကို ဘာနံ့ဆိုတာ သတ်မှတ်တာကြတော့ ပညတ် ကသတ်မှတ်တာပေါ့ အဲ့တော့အနံ့နံစိတ်လို့ပဲ သတ်မှတ်လိုက် ဘာအနံ့လို့ မသတ်မှတ်လို့ရှိရင် ပညတ်မပါတော့ဘူးပေါ့ အဲ့ဒါဆိုပရမတ်တည့်တည့် စိုက်တယ်ပေါ့ အဲ့လိုမျိုးပေါ့ အဲ့တော့အရသာသိစိတ် ဆိုလည်း အဲ့လိုပဲ သုခ ဒုက္ခ ခံစားစိတ်ဆိုလည်း အဲ့လိုပဲ အဲ့လိုဆက်ရှုရမယ်နော် ဒီဟာထဲမှာ ဖြတ်ပြီးတော့အဲ့ဒီဟာကိုရှုရမယ်။
ဦးမောင်မောင်။ ။အဲ့တော့ဒီနေရာမှာဆရာခုနပြောတဲ့အတွက်ဟို ဥပမာကျွန်တော်ကားသံကြားပါတယ်။ ဒါပေမဲ့ ကားအသံပဲ ကြားလိုက်တယ်။ အဲ့ဒါ အဲ့ဒီကြားတာက ဘာကားကြီးဆိုတာမဖြစ်ဘူး။ မဖြစ်ဘူးဆိုတာလေ အဲ့နေရာမှာ စိတ်ကိုထပ်လိုက် အသံကြားလိုက်တယ်။ ကြားစိတ်၊ အသံကြားလိုက် ကြားစိတ်ဖြစ်တယ်။ ဒါပေမဲ့အဲဒီမှာ သူနောက်ကိုမလိုက်တော့ဘူး။
ကျနော်။ ။ သူကအဖြစ်ကော အပျက်ကော နှစ်ခုစလုံး မြင်အောင်ကြည့် အပျက်ကြီးပဲ မမိစေနဲ့ အဖြစ်ကော အပျတ်ကော မြင်အောင်ကြည့် ဖြစ်တဲ့အချိန်မှာ သတိထား သတိထားနေလို့ရှိရင် ဖြစ်ပြီးပျက်သွားတယ် ဆိုတာကို အဲ့နှစ်ခုလုံးမြင်အောင်ကြည့်။
ဦးမောင်မောင်။ ။ဒါဥပမာပေါ့ တကယ်လည်းကျွန်တော် အဲ့လိုမျိုးပေါ့ ကားအသံနားထဲဝင်လိုက်တာ ဘာမှမသိသေး ဘူး ဒါပေမဲ့ ကိုယ်စိတ်ထဲမှာ ပညတ်က ဘာလဲဆိုတော့ ဒီကားသံက ဒီအချိန်ဆိုရင် အမှိုက်လာကြုံးတဲ့ ကားပဲ သိလိုက်တယ် သိလိုက်တော့ စိတ်ကအဲ့မှာ ဟိုကအဲ့ကားလာလို့ရှိရင် ဆူညံတယ် အနံ့တွေနံတယ် ဆိုတော့ အဲ့ဒါဆိုရင် ဆက်ပြီး ကြောက်သွားရော။
ကျနော်။ ။ ဟုတ် အဲ့ဒါဆိုရင် အဲ့ဒီဟာကို ကြံတွေးစိတ်ပေါ်တယ်လို့ ရှု။ ကြံတွေးစိတ်ဖြစ်ပြီး ပျက်တယ် လို့ရှု ဟုတ်လား ကားသံကြားတယ် ကားသံနောက်ကနေပြီးတော့ ဒီကားက အမှိုက်ကားပဲဆိုတာ သိလိုက်တယ် အဲ့ဒါ ကြံတွေးစိတ် အဲ့တာပညတ် ပေါ်တာ ဖြစ်ပြီးပျက်တယ် ဟုတ်လား ပြီးတော့အမှိုက် ကားလာလို့ရှိရင် ဆူညံမယ် ဘာဖြစ်တယ် နဲ့ နာမည်အစဉ်သဖြင့် ပေါ်လာတာသည် ကြံတွေးစိတ်ပေါ်လာတယ်။ အဲ့တော့ ကိုယ်သတိထားတဲ့ အချိန်မှာ ကြံတွေးစိတ်ပေါ်လာပါလား ဖြစ်ပြီးပျတ်သွားတာပါလား လို့ သတိထားပေး။ အသံကြားတယ်လို့ မလုပ်နဲ့ ကြားစိတ်ဖြစ်ပြီးပျက်တယ်လို့ယူ ကြားစိတ်ဖြစ်ပြီး ပျက်တယ်နော် အဲ့လိုယူရမယ်။ အသံကြားတယ်ဆိုတဲ့ သဘောကျတော့ ငါအသံကြားတယ်ဆိုတဲ့ သဘောပါတယ် တကယ့် တကယ်က ငါအသံကြားတာမဟုတ်ဘူး ကြားစိတ်ဖြစ်ပြီးပျက်တာ ကြားတာနော် ကြားစိတ်ဖြစ်ပြီးပျက်တာ အကြောင်းအကျိုး ဖြစ်တာပေါ့ သဘောပေါက်ရဲ့လား။နားလည်လား။
ဦးမောင်မောင်။ ။ နားလည်တယ်။
ကျနော်။ ။ ကျွန်တော်တို့ စိတ်ဆယ့်လေးမျိုးရှိတယ်လေ စိတ်ဆယ့်လေးမျိုးထဲကနေပြီးတော့ ပြန်တွဲလို့ရှိရင် အဲ့ဒါလောဘစိတ် ဖြစ်သွားတာပေါ့ သောက်ချင်စိတ်က လောဘစိတ်ဖြစ်ပျက်တယ်ပေါ့ စိတ်အစဉ်ကနေကြည့် လိုက်လို့ရှိရင် လောဘစိတ်ဖြစ်တယ် ပျက်တယ် ပြီး လို့ရှိရင် လက်လှမ်းချင်တဲ့ စိတ် ဖြစ်တယ်။ အဲ့ဒါကော်ဖီခွက် ဆီကို လက်လှမ်းချင်တဲ့စိတ်ဖြစ်တယ်။ အဲ့ဒါလည်းစိတ် ဖြစ်ပျက်ပဲပေါ့။ လောဘစိတ်ဖြစ်ပျက်ပဲပေါ့။ ဟုတ်လား။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့က လက်လှမ်းလိုက်တယ်။ ကော်ဖီကွက်နဲ့ ထိလိုက်တယ်။ ထိတဲ့စိတ်ဖြစ်တယ်။ အဲ့တာလည်း စိတ်ဖြစ်ပျက်ပဲပေါ့။ အဲ့တော့ဒီစိတ်တွေပဲပေါ့။ ဒီလိုမျိုးပဲရှု ဥပမာ လောဘစိတ်ဖြစ်တယ်ပေါ့ ကော်ဖီသောက်ချင်တယ်ပေါ့ ကော်ဖီသောက်ချင်စိတ် လို့လည်းမရှုနဲ့ လောဘစိတ်လေးဖြစ်ပြီး ပျက်သွားတယ်ပေါ့ လက်လှမ်းချင်တဲ့ လောဘစိတ်လေးဖြစ်ပြီးပျက်သွားတယ်ပေါ့ လက်နဲ့ကော်ဖီခွက်နဲ့ ထိလိုက်တယ် ထိတယ်ဆိုလို့ရှိရင် အထိအတွေ့ပေါ့ ထိတွေ့မှာသုခခံစားစိတ်ပေါ့ ကော်ဖီခွက်လေးက ထိလိုက်တာကတော့ သုခ ခံစားစိတ်၊ သုခသဘော ဖြစ်မှာပေါ့ သုခ ခံစားစိတ် ဖြစ်မယ် ပြီးတော့ လို့ရှိရင် မလိုက်တယ်။ ကော်ဖီခွက်ကလေးတယ်ပေါ့။ လေးတယ်ဆိုရင် ဒုက္ခခံစားစိတ်ဖြစ်မယ်။ ဟုတ်လား။ အသေးစိတ်ပြန်သွားတာ။
ဦးမောင်မောင်။ ။ ဟုတ်ကဲ့။
ကျနော်။ ။ ဒုက္ခခံစားစိတ်ဖြစ်မယ်။ အဲ့တော့ဒုက္ခခံစားစိတ် ဖြစ်ပြီး ပါးစပ်ထဲကို ကော်ဖီလောင်းထည့်လိုက်တယ်။ အဲ့မှာအရသာသိစိတ်ဖြစ်မယ်။ အရသာသိစိတ်ဖြစ်ပြီး ပျက်သွားမယ်။ ဟုတ်လား။ အဲ့တော့ အဲ့ဒါအရသာသိစိတ် ဖြစ်ပြီးသွားရင် ကော်ဖီက ကောင်းသားပဲလို့စဉ်းစားရင် ကြံတွေးစိတ်ဖြစ်ပြီး ပျက်မယ်။ ဟုတ်လား။ ကော်ဖီသောက်မယ်ဆိုတဲ့အစားကို ကျွန်တော်တို့ကဒီစိတ်တွေနဲ့ အစားထိုးလိုက်။ ဟုတ်လား ကော်ဖီ သောက်တယ် ဆိုတဲ့ စကားလုံးတစ်လုံးရဲ့ နောက်မှာကျတော့ ဒါတွေအကုန်ပါတယ်။ ယူရမှာကျတော့ ကျွန်တော်တို့ကရှုရင်စိတ်ကို ပရမတ်ကို ရှုတယ်ဆိုတာဖြစ်သွားတယ် စိတ်ဆိုတော့ ကျွန်တော်တို့က ဝိညာဏ်ကို ရှုတယ်ဆိုတော့ ဒီထဲမှာပါတယ် ပရမတ်တရားလေးပါးထဲမှာ ပါတယ်။ ဥပမာ ဒီပရမတ် တရားလေးပါးထဲမှာ မပါတာမှန်သမျှက အဲ့ဒါ ပညတ် ဟုတ်လား အဲ့တော့ ကျွန်တော်တို့က ကော်ဖီသောက်တယ်ပေါ့ ကော်ဖီသောက်တယ်ဆိုတာ ရုပ်နာမ်ဖြစ်ပျက် တစ်ခုပဲ ဟုတ်လား ကော်ဖီသောက်တာကို ကျွန်တော်တို့ကအခုခွဲခြားလိုက် လို့ရတယ် ကော်ဖီသောက်တယ် လောဘစိတ်ဖြစ်တယ် သောက်ချင်စိတ်ဖြစ်တယ် လောဘစိတ်ဖြစ်တယ် လောဘစိတ်ကနေ လက်လှမ်းချင်စိတ်ဖြစ်တယ် ဒါလည်းလောဘစိတ်ပဲ ဖြစ်ပျက်ပဲ အဲ့ဒီကနေလက်နဲ့ ထိတယ်။ အထိအဖြစ် သုခခံစားစိတ်ဖြစ်တယ်။ ဟုတ်လား။ ပြီးတော့ လက်ကိုမြှောက်လိုက်တယ်။ လေးတယ်။ ဒုက္ခခံစားစိတ်ဖြစ်တယ်။ ပါးစပ်ထဲကို လောင်းထည့်လိုက်တယ်။ အရသာသိစိတ်ဖြစ်တယ်။ ပြီးတော့ ကော်ဖီကကောင်းတယ်လို့ တွေးတယ်။ ဒါဆိုကြံတွေးစိတ်ဖြစ်တယ်။ အဲ့တော့ အဲ့လိုမျိုးပေါ့။ အဲ့လိုမျိုး ရှုလိုက်လို့ရှိရင် ကျွန်တော်တို့က ပရမတ်ကိုရှုတာ ဖြစ်သွားတော့ ဟုတ်လား။ ပညတ်ကကော်ဖီသောက်တယ်။ ကော်ဖီသောက်တာ ဖြစ်ပြီးပျက်သွားတယ်လို့ ရှုရင်မရဘူး။ ဟုတ်လား။ အဲ့ဒါဆိုမှတ်ထားပေါ့၊ ရှုရမှာပရမတ်ပဲ ဖြစ်ရမယ်။ ကိုယ်ရှုတဲ့ဟာတွေသည် ပရမတ် ဖြစ်နေရမယ်။ အဲ့မှာမှ ကျွန်တော်တို့က နာမ်ကိုပဲရှုမှာဆိုတော့ ရုပ်ကိုရှုစရာမလိုဘူး။ အဲ့တော့ကော်ဖီသောက်တယ်လို့ မမှတ်ရဘူးပေါ့ မှတ်ရမှာ ဒီလိုမျိုးစိတ်အစဉ်ဖြစ်နေတယ် လို့ မှတ်ရမယ်။ ဟုတ်လား အဲ့ဒါကော်ဖီသောက်တာ တစ်ခုကိုပြောလိုက်လို့ရှိရင် ကျန်တာတွေမှာလည်း အဲ့လိုဆက်စဉ်းစားလို့ရတာပေါ့။ ဟုတ်လား။ ကော်ဖီသောက်တယ်လို့ပဲ မှတ်လို့ရှိရင် ပညတ်ကိုမှတ်သလို ဖြစ်နေမှာပေါ့။ ကျွန်တော်တို့မှတ်ရမှာ ပရမတ်ကိုမှတ်ရမှာ။ ရတယ်နော်။
ဦးမောင်မောင်။ ။ဟိုဟာလေဒီထိုင်နေမှတ်နေတဲထဲမှာ ခြေထောက်ကပေါ့နော်။ ခြေထောက်က လှုပ်လာတယ် ဆိုရင် အဲ့ဒါဘယ်လို မှတ်မလဲ။
ကျနော်။ ။ အဲ့ဒါဒုက္ခခံစားစိတ် အနေနဲ့ပဲမှတ်လို့ ရမှာ ဒုက္ခခံစားစိတ် အနေနဲ့မှတ် အဲ့လိုမှတ်လို့ရတယ် ခြေထောက်ကတော့ တစ်ခါတစ်လေကျ အဲ့ဒါမျိုးကတော့ကောင်းတာတော့ ပြင်ထိုင်လိုက်ပေါ့။
ဦးမောင်မောင်။ မပြင်ဘဲနဲ့လေ ကျွန်တော် စိတ်ညွှတ်လိုက်ရင်တော့ စိတ်ကထွက်လိုက်လို့ရှိရင် အဲ့ဒီအားကောင်းတာ ရပ်သွားတယ် အဲ့လိုတော့ဖြစ်နေတယ် ဒါပေမယ့်သူကအဲ့လို မကြားမကြာ အဲ့လိုပြန်ပြန်ပေါ်လာတယ်။
ကျနော်။ ။ အဲ့ဒါကတော့ ဒုက္ခခံစားစိတ်လို့ မှတ်ရမှာပဲ ဒုက္ခခံစားစိတ်ဖြစ်တယ်ပေါ့ နော် အဲ့ဒါကတော့ ခန္ဓာကိုယ်က ဖောက်ပြန်ပျက်စီးနေတဲ့ သဘောရှိတယ် အဲ့တော့ သူကဖောက်ပြန်ပျက်စီးတာ။

Leave a Reply