မျက်စိက မြင်လိုက်တဲ့အခါ၊ နားက ကြားလိုက်တဲ့အခါ သိသွားတဲ့ သိစိတ်ဆိုတာ ဝိဉာဏ် ပါပဲ။ အဲဒီ သိမှုလေးဟာ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျောက်ပျက်သွားပါတယ်။ ခန္ဓာကိုယ်မှာ ယားယံလာရင်လည်း ချက်ချင်း မကုတ်လိုက်ဘဲ အဲဒီ ယားတဲ့ သဘောလေး ဘယ်လို ဖြစ်လာပြီး ဘယ်လို ပျောက်သွားလဲဆိုတာကို အရင်ဆုံး စောင့်ကြည့်လိုက်ပါ။
ဒီလို လေ့လာတဲ့အခါမှာ ဘာကိုမှ ဝင်မစွက်ဖက်ဘဲ အသာအယာလေး စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ကြည့်နေရင်းနဲ့ ဖြစ်လာတာလေးတွေ ပြီးဆုံးသွားတာကို ထပ်ခါထပ်ခါ မြင်လာတဲ့အခါ အမှန်တရားကို တဖြည်းဖြည်း ကိုယ်တိုင် မျက်မှောက်ပြုလာပါလိမ့်မယ်။
ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ခံစားမှုတွေတခုပြီးတခု ဖြစ်လိုက် ပျက်လိုက် ဖြစ်နေတာကို အချိန်နည်းနည်း ပေးပြီး စိတ်အေးအေး နဲ့ စောင့်ကြည့်နိုင်မလား။


Leave a Reply