ကျွန်တော်တို့ဟာ အတိတ်က အဖြစ်အပျက်ဟောင်းတွေကို ပြန်တွေးပြီး နောင်တရတတ်ကြတယ်။ အနာဂတ်အတွက်လည်း ကြိုတွေးပြီး ကြောက်နေတတ်ကြတယ်။
တကယ်တော့ ဒါတွေ အားလုံးဟာ အရင်က မှတ်သားထားခဲ့တဲ့ သညာအဟောင်းတွေက အကြောင်းတိုက်ဆိုင်လို့ ပြန်ပေါ်လာပြီး နှိပ်စက်နေတာပါ။ အဲဒီတုန်းက ဖြစ်ခဲ့တာတွေဟာ “ငါ” က တမင်ဖန်တီးခဲ့တာ မဟုတ်သလို၊ အခု ပြန်ပေါ်လာတဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ် ဆိုတာတွေဟာလည်း “ငါ” မဟုတ်ပါဘူး။
အမှန်တရားကို မသိလို့သာ သညာရဲ့ လှည့်စားမှုနောက်ကို လိုက်ပြီး ပူလောင်နေရတာပါ။ အရာရာဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ပျက်သွားတဲ့ ဖြစ်စဉ်တွေလို့ ရှင်းရှင်းလင်းလင်း သိလိုက်ရင် ဒီသညာအဟောင်းတွေရဲ့ နှိပ်စက်မှုကနေ လွတ်မြောက်သွားပါလိမ့်မယ်။ ဝန်ထုပ်ဝန်ပိုးတွေကို အခုပဲ ချထားလိုက်ပါ။
တကယ်မရှိတော့တဲ့ အတိတ်က ပုံရိပ်ဟောင်းတွေကို အမှန်ထင်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေဦးမှာလား?


Leave a Reply