အတိတ်ဆိုတာရှိတယ်။ သမိုင်းဆိုတာရှိတယ် ဆိုတာမျိုးပြောကြတယ်။ ဒါပေမယ့် လက်ရှိမှာ ဘာအကူအညီမှမပါ။ ဘယ်သူ့အကူအညီမှ မပါပဲ ကိုယ့်ရဲ့သမိုင်းဆိုတာကို ပြပါဆိုရင် မှတ်မိတယ် ဆိုတဲ့ နာမ် (သညာ) ဖြစ်ပျက်လေးကလွဲပြီး ပြစရာမရှိပါဘူး။
အဲဒီတော့ အဲဒီပေါ်ကနေပြီး တည်ဆောက်ထားတဲ့ ပူလောင်မှုတွေ ပင်ပန်းမှုတွေ ပျော်ရွှင်မှုတွေ ဘယ်အရာကမှ တကယ်မတည်မြဲပါဘူး။ ဘာအဓိပ္ပါယ်မှလဲ မရှိပါဘူး။
အရာရာဟာ ရုပ်နာမ် ဖြစ်ပျက်တွေပါ။ အန္ဓပုထုဇဉ်လို့ခေါ်တဲ့ အရိယာစကားကို မနာကြားရတဲ့ ပုထုဇဉ်တွေက တကယ်မရှိတဲ့ သညာ (နာမ်) ဖြစ်ပျက်သာ ဖြစ်တဲ့ သမိုင်းဆိုတာတွေ အတိတ်ဆိုတာတွေပေါ်ကနေပြီး စဉ်းစားကြ ဆုံးဖြတ်ကြ ပူပင်ကြ စွပ်စွဲကြ ပူလောင်ကြပါတယ်။
အရိယာ စကား အကြားအနာရှိသူ အရိယာ တပည့်ကတော့ ဒါတွေကနေ ကင်းလွတ်ပါတယ်။
ရွေးချယ်မှုက တော့ တယောက်ချင်းစီရဲ့ ကိစ္စသာ ဖြစ်ပါတယ်။ အမှန်တရားကတော့ တကယ်မရှိတာတွေဆီကနေ လွတ်မြောက်မှုကို ဖြစ်စေပါတယ်။
အဲဒီတော့ သမိုင်းဆိုတာ အ လို့ သာ သင်ကြတာပါ။
(ဒေါက်တာသန်းထွန်းစကား မှားပါတယ်)


Leave a Reply