“လိမ်ဝံ့သော သူ မလုပ်ဝံ့သော အကုသိုလ် မရှိ”ဆိုတာ ခြေဆေး ရေအင်တုံ၊ ရေကြွင်းရေကျန် အနည်းငယ်၊ တိုက်ပွဲဝင် မင်းစီးဆင်နဲ့ ဆင်းစီး သရဲကို ဥပမာ ပေးပြီး ရှင် ရာဟုလာရဲ့ အမ္ဗလဌိက ကျောင်းမှာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့တဲ့ သြဝါဒ အနှစ်ချုပ် တစ်ခုပဲ ဖြစ်ပါတယ်။မုသားစကား ပြောသူရဲ့ ကိုယ့်ကျင့်တရား ဆိုတာ ခြေဆေး ရေအင်တုံထဲက ရေကြွင်းရေကျန် အနည်းငယ်လို နည်းနည်းပဲ ရှိတယ်။ ရေအင်တုံထဲက ရေကို စွန့်ပစ်လိုက် သလို သူ့ရဲ့ ကိုယ်ကျင့် တရားကလည်း စွန့်ပစ်ပြီး ဖြစ်နေမယ်။ ဒီအတိုင်းပဲ မှောက်လိုက်တဲ့ ရေအင်တုံလို သူ့ရဲ့ ကိုယ်ကျင့် တရားဟာ မှောက်လျက်သားပဲ ဖြစ်နေမယ်။ ဒီလို မှောက်ပြီး တဖန် ပြန်လှန်ချိန် ရေအင်တုံထဲမှာ ဘာမှ မရှိတော့သလို မုသားပြုသူရဲ့ ကိုယ့်ကျင့် တရားလည်း ဘာမှ မရှိဘူးလို့ မြတ်စွာဘုရားက မိန့်တော်မူခဲ့ တာပါ။ရဟန်းတပါးရဲ့ လိမ်ညာရေးသားမှု”တရား၌တပည့်သည် တရားအားလျော်သောအကျင့်ကို ကျင့်နေ၏၊ ရိုသေစွာကျင့်၏၊ တရားအား လျော်စွာကျင့်၏၊ ဤကျင့်ခြင်းမျိုးကို့မျိုးစေ့ကောင်း (နှင့်တူ၏)ဟု ငါ ဆို၏၊ သရဏာနိသာကီဝင်ကို အဘယ်ဆိုဖွယ်ရှိအံ့နည်း၊ မဟာနာမ်သရဏာနိသာကီဝင်သည် သေခါနီးအခါ၌အကျင့်ကို အပြည့်အစုံပြုကျင့်သောသူဖြစ်၏ဟု (မိန့်တော်မူ၏)” (သရဏာနိသက္ကသုတ်)(သေခါနီးမှ တရားကို အရိယာဖြစ်အောင်အားထုတ်သွားသည်လို့ အဓိပ္ပါယ်ရပါတယ်။)ပိဋကတ်တော်လာ အမှန်မဟာနာမ် အကယ်၍ ဤအနှစ်ရှိသော သစ်ပင်ကြီးတို့သည် ကောင်းသော စကား မကောင်းသော စကားကို သိနိုင်ကုန်ငြားအံ့၊ ငါသည် ဤအနှစ်ရှိသော သစ်ပင်ကြီးတို့ကို ‘ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်တို့’ဟု ပြောကြားရာ၏၊ သရဏာနိသာကီဝင်ကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ မဟာနာမ် သရဏာနိသာကီဝင်သည်သေခါနီး၌ အကျင့် ‘သိက္ခာ’ကို ဆောက်တည်ပြီးသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။(သေခါနီးမှ သီလစောင့်သွားတယ်လို့ အဓိပ္ပါယ်ရပါတယ်)ဒီလို မုသားမျိုးကို အပါယ်ကျစေတတ်သော မုသားမျိုးလို့ ခေါ်ပါတယ်။ အရိယာများ လုံးဝရှောင်တဲ့ ပါးစပ်က လုံးဝမထွက်တဲ့ မုသားပါ။ တရားတော် (မြတ်စွာဘုရားအဆုံးအမ သာသနာ) ကို မိမိလိုသလို လိမ်ညာလှည့်ဖျားရေးတာဟာ အင်မတန်ကြောက်စရာကောင်းတဲ့ မုသားကြီးပါ။ သာသနာကို ဖျက်စီးခြင်း ဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ဓမ္မလို့ခေါ်ပြီး ဒီအဆုံးအမပေါ်က ထွက်လာတဲ့ အယူဝါဒကို ဓမ္မဝါဒ လို့ခေါ်ပါတယ်။ အဲဒီတော့ ဒီလို ဓမ္မဝါဒ ကို ဆန့်ကျင်ဖက် အဓိပ္ပါယ် ဖြစ်အောင် ရေးခဲ့ရင် အဲဒါကို အဓမ္မလို့ခေါ်ပြီး ရေးသူကို တော့ အဓမ္မဝါဒီ လို့ခေါ်ပါတယ်။ ဒီလိုမျိုးရေးတဲ့ မြတ်စွာဘုရားအလိုအရ ကိုယ်ကျင့်တရားလည်း ဘာမှမရှိတဲ့ အဓမ္မဝါဒီ ရဟန်းကတော့ ပညာ ဝိမုတ္တိဖြင့် လွတ်မြောက်ခြင်း ဆိုတဲ့ စာအုပ်နဲ့ အဓမ္မဝါဒ ကိုချေဖျက်နေပါတယ် ဆိုတဲ့ အရှင် ပညာသီရိ (ရမ္မာကျွန်း) ပဲ ဖြစ်ပါတယ်။ အဓမ္မဝါဒ ကိုချေဖျက်နေသူ ကိုယ်တိုင်က အဓမ္မဝါဒီ ဖြစ်နေရင် သူချေဖျက်တယ် ဆိုတဲ့ကိစ္စက မှန်ကန်နိုင်ပါ့မလား ဆိုတာကတော့ မိတ်ဆွေများ စဉ်းစားဖို့ပါပဲ။ ကျနော့်အနေနဲ့ကတော့ ကျနော်နဲ့ ပါတ်သက် တဲ့ အကြောင်းအရာကို ရေးရင်းနဲ့ ဒီလို မြတ်စွာဘုရားဟောထားတာကို အဓိပ္ပါယ် ပျက်စီးအောင် လုပ်တာကို လက်မခံနိုင်တဲ့အတွက် ရေးသားရခြင်းပဲ ဖြစ်ပါတယ်။ ကျနော့်ကို အရိယာ မဟုတ်ဘူးပြောတာကတော့ ရိုးနေပြီဖြစ်သလို အရိယာဆိုတဲ့ ဂုဏ်ကိုလဲ ကျနော်လုံးဝကို မမက်တဲ့အတွက် ဘာပြသနာမှကို မရှိပါဘူး။ ကျနော့်အတွက်က ကျနော်ရေးတဲ့ တရားတွေက မြတ်စွာဘုရားရဲ့ အလိုကျ ဖြစ်ဖို့၊ မမှားဖို့နဲ့ စာဖတ်သူများ အကျိုးရှိစေဖို့၊ အဲဒီနောက်မှာတော့ လူ ရဟန်းများ တတ်နိုင်သလောက်များများ မဂ် ဖိုလ် ရစေဖို့အတွက် ရည်ရွယ်ပြီး ရေးနေတာ ဖြစ်ပါတယ်။ ကျနော်အရိယာ အဖြစ်ကျော်ကြားဖို့မဟုတ်ပါဘူး။နောက်ပြီး ကျနော်ရေးတဲ့ စာတွေအတိုင်း လိုက်လံကျင့်ကြံကြပြီး လူ ရဟန်းများ အရိယာ ဖြစ်သွားကြရင်လဲ သီလ သမာဓိ ပညာ ကျနော့်ထက် သာတဲ့ ရဟန်းများ ပေါ်လာမယ်လို့ မျှော်လင့်ထားတဲ့အတွက် အဲဒီ ရဟန်းများသာ နာမည်ကျော်ကြားကြဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်ကို တိုက်ခိုက်လိုဇော ဖျက်စီးလိုဇော နဲ့ ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ် ထဲမှာ ပါတဲ့ သုတ္တန်ကို ဖျက်စီးပစ်တာမျိုးကျတော့ သာသနာအတွက် လုံးဝကို မကောင်းလွန်းတဲ့အတွက် ထိရောက်မှု တခုခု ဖြစ်စေရန်၊ လူပညာရှိ ရဟန်းပညာရှိများ သတိထားမိစေရန် ရေးသား အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။


Leave a Reply