ဝိပဿနာဉာဏ်လေး ဝင်လာတဲ့အခါ အရင်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့တာတွေ၊ နောင်တရတာတွေ၊ ရှေ့ရေးအတွက် ကြောက်နေတာတွေ တဖြည်းဖြည်း လျော့ကျသွားပါလိမ့်မယ်။

ဆင်းရဲဒုက္ခဆိုတာ ခန္ဓာနဲ့ သဘာဝတရားကို သေချာ မသိမြင်တဲ့ အဝိဇ္ဇာကြောင့်သာ ဖြစ်ရတာပါ။ အတိတ်က ဖြစ်ခဲ့တဲ့ အမှားတွေဟာလည်း ထိုစဉ်က အကြောင်းတိုက်ဆိုင်လို့ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ ဖြစ်စဉ်ထဲမှာ “ငါ” ဆိုတာမပါပဲ။ တရားသက်သက်တွေရဲ့ ဖြစ်ပျက်မှုသာ ဖြစ်ပါတယ်။ “ငါ” ဆိုတာ မရှိတဲ့အတွက် “ငါ”လုပ်တာလဲ မဟုတ်ပါဘူး။ ပုထုဇဉ်တို့ရဲ့ ကိလေသာတွေရဲ့ အပြစ်သာ ဖြစ်ပါတယ်။

ဖြစ်ရပ်တွေကို ဖြစ်စဉ်တွေအဖြစ် မြင်လိုက်တာနဲ့ “ငါ” ဆိုတာ အစကတည်းကမရှိတာကို သိတာနဲ့၊ ကိလေသာတရားကို သဘောပေါက်တာနဲ့ အပြစ်ရှိစိတ်တွေ၊ ကြောက်စိတ်တွေ အကုန်လုံး လွတ်ကျသွားပါတယ်။ ဝန်ထုပ်ဝန်ပိုးတွေ ချထားလိုက်ဖို့ အချိန်တန်ပါပြီ။

ဒီနေ့အတွက် အမေး- မရှိတော့တဲ့ အတိတ်ကို ဆွဲထားပြီး ပစ္စုပ္ပန်ကို အဖျက်စီးခံမလား၊ ကိလေသာကို သဘောပေါက်အောင် လုပ်မလား?


Leave a Reply

Your email address will not be published. Required fields are marked *