ဦးမောင်မောင်။ အဲ့တော့ ဒီနေ့ဆိုလို့ရှိရင် ဆရာပြောတဲ့ဥစ္စာ သဘောထဲမှာ ကျွန်တော်တို့က ဉာဏ်က အဓိကဆိုတော့ နာမ်ကိုပဲ များများရှုပေးရမယ်။
ကျနော်။ ။ဟုတ်ကဲ့။
ဦးမောင်မောင်။ ။အဲ့လိုအောက်မှာကျမ်းပြင်မှာ ထိုင်ရှုတဲ့အခါကျရင် ခုနခြေထောက်က ဝေဒနာပေါ်တယ်။ ပြီးရင် ကိုယ်ကြီးက ပူလာတယ်။ ချွေးတွေထွက်လာတယ် အဲ့တော့ အဲ့ဒါတွေကိုကျတော့ ငါ့ဆရာ ငါ့ကိုပြောထားတာ ဒါကြီးက ရုပ်ရဲ့ ဖောက်ပြန်မှုတွေပဲ။ ဒါ့ကိုတော့ သိတယ်။ ရုပ်ကအမြဲဖောက်ပြန်တယ် ဒါပေမဲ့ အဲ့ဒါကို သွားပြီးတော့ ဟိုအရင်တုန်းက ဟိုတခြားမှတ်ထားတာတွေရှိတော့လေ အဲ့ဒီ ဝေဒနာဆိုလို့ရှိရင် အဲ့ဝေဒနာအဆုံး ထိလိုက် ကြည့်လိုက် ဆိုတာ အဲ့ဒါကြီးကစိတ်ထဲမှာ အရင်တုန်းကစွဲနေခဲ့တာ အခုတော့မစွဲတော့ဘူး။ အဲ့လိုမျိုး ပေါ်လာလို့ရှိရင် မှတ်မနေတော့ဘူး တစ်ချိန်မှာပျောက်မှာတွေ ပျောက်တာတွေ ဒါငါ့အလုပ်မဟုတ်၊ ငါ့အလုပ်က နာမ်။ မင်းဖြစ်ပျက်ကိုပဲငါလိုက်ရှုရမယ်အဲ့လိုပေါ့။ ရုပ်ကိုမှတ်မနေဘူး။ ဒုက္ခခံစားစိတ် သုခံစားစိတ် အဲ့လိုပဲမှတ်လာတယ်။ နာမ် ပဲ မှတ်လိုက်တယ်။
ကျနော်။ ။ တခြားဘာတွေရှိသေးလဲ ဘာမရှင်းတာရှိသေးလဲ။
ဦးမောင်မောင်။ ။ ရှုဖို့တော့ ဒီနေ့ဆိုနည်းနည်း ပိုရှင်းသွားပြီ။
ကျနော်။ ။ကျွန်တော်တို့ ဝိပ္ပံလ္လာသတရား ၁၂ ပါးပေါ့။ အဲ့ဒါဘာတွေလဲဆိုတော့ နိစ္စပေါ့ နိစ္စ သုခ အတ္တ သုဘ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဒီမှာက သညာရှိတယ် သညာပေါ့ ဒီဘက်က သညာရှိတယ် စိတ်ရှိတယ် စိတ္တရှိတယ် ဒိဋ္ဌိရှိတယ် အဲ့တော့ကျန်တဲ့ဟာတွေမှာလည်း ဒီအတိုင်းပဲ တူတူပဲ သညာရှိတယ် စိတ္တရှိတယ် ဒိဌိရှိတယ် သညာရှိတယ် စိတ္တရှိတယ် ဒိဌိရှိတယ် အဲ့သဘောပဲ ဟုတ်လား အဲ့သဘောဆိုတော့ ကျွန်တော်တို့က ဘယ်မှာစွဲ နေတာလဲဆိုတော့ စိတ်မှာစွဲနေတာ။ ဦးမောင်မောင် ပြောတဲ့ ပညာသိဆိုတဲ့သဘောက စိတ်ကိုပြောတာ စိတ်မှာဆွဲနေတဲ့အစွဲကို ပညာသိလို့ပြောတာ စိတ်မှာဆွဲနေတဲ့ အစွဲမပြုတ်သေးရင် ပညာသိမဖြစ်သေးဘူးလို့ ပြောတာ စိတ်မှာစွဲနေတဲ့ အစွဲက သိနေတာ ဘယ်လိုသိနေလဲဆိုတော့ ငါမြဲတယ်လို့ သိနေတာကိုး မနေ့က ငါနဲ့ ဒီနေ့ငါနဲ့ အတူတူပဲလို့သိနေတာကို အဲ့ဒါက ဘယ်မှာသိတာလည်းဆို စိတ်မှာသိတာ ဟုတ်လား အဲ့တော့စိတ်မှာသိတာ ဘာကြောင့်စိတ်မှာ အဲ့လိုသိနေလဲဆိုတော့ အဲ့လိုမျိုးစွဲစွဲမြဲမြဲ ယူဆထားလို့ ဟုတ်လား အဲ့တော့ ကျွန်တော်တို့က အခုလုပ်တဲ့အခါကျတော့ ဘာဖြစ်သွားလဲဆိုတော့ အယူအဆအနေနဲ့ ကျွန်တော်တို့ပြောတဲ့ အခါကျတော့ ဒိဌိကအရင်ပြုတ်တယ်။ ဒိဌိက ပြုတ်တာ ဟုတ်လား မမြဲဘူးဆိုတာတော့ ဦးမောင်မောင် သိတယ်မဟုတ်လား အယူအနေနဲ့လည်း မမြဲဘူးဆိုတဲ့အယူကိုရလာပြီ ဟုတ်လားအဲ့ဒီအထိက ရတယ် ဟုတ်လား အဲ့လိုပဲ သုခတို့ အတ္တတို့လည်း အဲ့ဒါကတော့ နောက်မှသွားမှာပေါ့နော် အဲ့တာကတော့ ကျွန်တော်တို့နောက်မှသွားရင် လောလောဆယ် အနိစ္စကိုလုပ်နေတော့ ဒီဟာကိုပဲအရင်ပြောမယ် အဲ့တော့ ဒိဌိအနေနဲ့က အယူအနေနဲ့က ပထမဦးဆုံးစပြီးတော့ရှင်းသွားပြီ အနိစ္စလို့အယူဖြစ်သွားပြီ။
ဦးမောင်မောင် ။ ။ ဟုတ်ကဲ့။
ကျနော်။ ။ အယူမှာအနိစ္စ အယူဖြစ်သွားပြီ ဒါအနိစ္စအယူဖြစ် သွားပြီရှင်းသွားပြီ ဒါပေမယ့် စိတ်က ဘာဖြစ်နေသေး လဲ ဆိုတော့နိစ္စ လို့ဖြစ်နေသေးတယ်။ ပညာသိ အဲ့မှာက စိတ်က နိစ္စလို့ ဖြစ်နေသေးတယ် အဲ့တော့ ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့ သညာအနေနဲ့ ဘာကိုမှတ်ရလဲဆိုတော့ အနိစ္စဆိုတာကို မှတ်ပေးရ မယ်။ သညာသိအနေနဲ့ ဟုတ်လား ရှုတာတခါဆိုတာ သညာတစ်ခါဖြစ်တယ်လေ ဥပမာ ရှုလိုက်တယ် အနိစ္စ သူကမှတ်တတ်တယ် ဪဟုတ်သားပဲ ဖြစ်ပျက်ပဲလို့မှတ်လိုက်တယ် အဲ့ဒါဆိုလို့ရှိရင် ဘာကိုတစ်ခါတည်း မှတ်မိတတ်တာလဲ ဆိုတော့ မှတ်သားမှုတစ်ခုလုပ်လိုက်တာ။ အနိစ္စဆိုတဲ့မှတ်သားမှုတစ်ခုလုပ်လိုက်တာ ဖြစ်ပျက်ပဲဆိုတဲ့ မှတ်သားမှုတစ်ခုလုပ်လိုက်တာ။ အဲ့တာလုပ်တဲ့ဟာက လုပ်တဲ့အကြိမ်ရေများလာပြီးတော့ လုံလောက်သွားတဲ့အခါကျလို့ရှိရင် ဘာဖြစ်သွားမလဲ ဆိုတော့ ဒီစိတ္တကပြောင်းသွားမယ်။ အဲ့လိုစိတ်ပြောင်းသွားတဲ့အခါကျတော့ စိတ်မှာသိတာကိုက အော်ဖြစ်ပျက်ပဲလို့သိနေတယ်။ ဆက်မှတ်သားနေစရာ မလိုတော့ဘူး။ အလိုလိုနေရင်း သိနေတယ်။ အဲ့တာကို ပညာသိလို့ခေါ်မှာပေါ့။ ဆိုတော့ အဲဒီတော့ ပညာသိဖြစ်ဖို့အတွက်က သညာသိကိုအထပ်ထပ် အခါခ ပွားများရမယ်။
ဦးမောင်မောင်။ ။ဆရာနောက်တစ်ခုသိချင်တယ်။ သက္ကာယဒိဋ္ဌိ ဆိုတာ။
ကျနော်။ ။ သက္ကာယဒိဋ္ဌိ ဆိုတာက သက်ဆိုတာက ထင်ရှားရှိသော။ ကာယ ဆိုတာက ခန္ဓာငါးပါး။ ဒိဋ္ဌိ ဆိုတာက အယူ။ အဲ့တော့ သက္ကာဒိဌိဆိုတာ ထင်ရှားရှိသော ခန္ဓာငါးပါးအပေါ်မှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ အဖြစ်ယူတာ ငါ သူတစ်ပါး ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ယူတာ အဲ့ဒါကို ကျွန်တော်တို့ အဲ့လိုမျိုး ယူတဲ့အယူကို သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ အဲ့တော့ အဲ့လိုမယူဘဲနဲ့ ရုပ်နာမ်လို့ ယူလိုက်လို့ရှိရင် ဒိဋ္ဌိဝိသုတ္တိဖြစ်တယ်။ ဟုတ်လား။ ပြီးတော့မှ အခု ရုပ်နာမ်ကိုရှုတဲ့ အခါကျတော့ ငါမဟုတ်ဘူး ရုပ်နာမ် ပဲရှိတာ ဆိုတဲ့ သဘောပေါ်လာရင်အဲ့ဒါ သက္ကာဒိဋ္ဌိတွေကပြုတ်တယ်။ ပြုတ်နေတယ်။
ဦးမောင်မောင်။ ။ဪဟုတ်ကဲ့။
ကျနော်။ ။ သူကလည်း အဲ့လိုပဲ သူကလည်း အစွဲကကြီးတယ်။ သူကလည်း အဲ့လိုပဲ စိတ္တ ကရှိသေးတယ်။ အဲဒီစိတ်အစွဲကမပြုတ်တာ စိတ်ကမပြုတ်တာ စိတ်က တစ်သက်လုံးက သိလာတာကိုး။ တစ်သက်လုံးက ဒီအယူကြီးကို ခိုင်မြဲလာတယ်။ အယူကြီးကိုခိုင်မြဲလာရာ ကနေပြီးတော့ မှတ်သားမှုတွေ ဖြစ်တယ်။ အဲ့မှတ်သားမှုတွေကနေ စွဲမြဲပြီးတော့ စိတ်ထဲမှာစွဲမြဲပြီး ဝင်သွားပြီ။ ဒီမှာအရမ်း နက်နက်ရှိုင်းရှိုင်းဝင်သွားပြီ။ ငါပဲဆိုတဲ့အတွေးကြီးက။ အဲ့တော့ ကျွန်တော်တို့က ဒီဟာကို ဖြစ်ပျက်ကိုရှုတဲ့ အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ရုပ်နာမ်ဖြစ်ပျက်ပဲရှိတယ်။ ငါမှမရှိတာ။ ဟုတ်လား။ ရုပ်နာမ်ဖြစ်ပျက်ပဲရှိတယ်။ ဆိုရင် ဒိဋ္ဌိပါ ပြုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါဆိုတဲ့သဘောက ဘာလဲဆိုတော့ မနေ့ကငါနဲ့ ဒီနေ့ငါနဲ့ တူတူပဲမှ ငါလို့ပြောလို့ရတာကို အဲ့တော့ရုပ်နာမ်ဖြစ်ပျက်က မတူဘူးဆိုလို့ရှိရင် ငါလို့ပြောလို့မရဘူး။ အဲ့ဒီမှာလည်း တစ်ခါပြုတ်တယ်။ ဟုတ်လား ရုပ်နဲ့နာမ်ပဲရှိတယ်။ ငါဆိုတာမရှိဘူးဆိုတာ သဘောပေါက်ရင်လည်း တစ်ခါပြုတ်တယ်။ ကိုယ့်ခန္ဓာကိုယ်ကို အသေကောင်လို့ သဘောထားကြည့်လိုက်ပေါ့။ တကယ့် တကယ်ကလည်း ဘာမှမကွာဘူး။ သေသွားရင်လည်း ဒီခန္ဓာကိုယ် ကြီးပဲ။ ရုပ်နဲ့နာမ်နဲ့ခွဲခြားပြီးတော့ မြင် ရုပ်ကသက်သက် နာမ်ကသက်သက် ဆိုပြီးမြင်လိုက်ရမယ် ရုပ်ကသက်သက် နာမ်ကသက်သက် အဲ့တော့နာမ်မှာ ခုနပြောတဲ့ ကျွန်တော်ဒီမှာပြောခဲ့တဲ့ အတိုင်းပဲ သင်္ခါရပေါ့ စေတနာလေး ပေါ်လာတဲ့အခါမှာ ရုပ်မှာသွားပြီးတော့ လေ ဝါယောရုပ်ဖြစ်တယ် အဲ့ဒါသည် စိတ်ကြောင့်ဖြစ်သောရုပ် ဟုတ်လား အဲ့လိုသဘောဆက်စပ်မှု ရှိနေလို့သာ ကျွန်တော်တို့က အသက်ရှင်လို့ ပညတ်တာ အသက်ရှိတယ်ဆိုပြီးတော့ ပညတ်ထားတာ တကယ်တကယ်က အသက်ရှိတာမဟုတ်ဘူး။
ဦးမောင်မောင်။ ။ဟုတ်။
ကျနော်။ ။အသက်ဆိုတာမရှိဘူး။ ဟုတ်လား။ ရုပ်နဲ့နာမ်နဲ့ အညမည ဖြစ်ပျက်မှု ရှိတယ်။ အဲ့တော့ရုပ်နဲ့နာမ်နဲ့ခွဲပြီး မြင်ထားလိုက်လို့ရှိရင် ဒီဒိဋ္ဌိက သူ့ဟာသူပြုတ်နေမှာပဲ။
ဦးမောင်မောင်။ ။ဟုတ်ကဲ့။ဟုတ်ကဲ့။
ကျနော်။ ။ သဘောပေါက်လား။ အဲ့တော့ ဒီအနိစ္စကိုမှတ်ရင်း မှတ်ရင်းနဲ့ သူကအနတ္တကပါ ပေါ်လာမယ် ဟုတ်လား။ အနိစ္စက အနတ္တကိုသွားပြီးတော့ ဖြစ်စေလိမ့်မယ်။ ဟုတ်လား။ အနတ္တဆိုတဲ့ဟာ သညာမှတ်သားမှု သညာမှာပေါ်လာလိမ့်မယ်။ အဖြစ်အပျက်ပဲ။ ဖြစ်ပျက်ကအရမ်း ထင်ရှားလာတယ်။ ဖြစ်ပျက်တွေစိပ်လာတယ်။ ဖြစ်ပျက်ပဲ ငါမှမဟုတ်တာဆိုတဲ့ သဘောလေးက တစ်ခါတည်းတွဲပါလာတယ်။ မနေ့က ငါနဲ့ ဒီနေ့ငါနဲ့ တူမှု မရှိတာ ငါမဟုတ်တာ ဆိုတဲ့သဘောကလည်း ပေါ်လာတယ်။ အဲ့တော့ အဲ့ဒါတွေကလည်း ပေါ်လာတယ်။ ဒီနှစ်ခုစလုံးက ပေါ်နေမှာ ဒီသညာကအနိစ္စပေါ်လာမယ်။ သညာပဲဒီမှာအနတ္တပေါ်လာမယ် ဟုတ်လား။ ဒါကပေါ်နေမှာ ဒါပေမဲ့ အဲဒီဟာကနေပြီး အနိစ္စကိုရှုတဲ့ဟာကို ကျွန်တော်တို့က ဉာဏ်စဉ်တက်အောင်ရှု ဉာဏ်တက်အောင်ရှုမယ်ဆိုတာ ဉာဏ်စဉ်မှာ ဘာဉာဏ်ရှိမလဲဆိုတော့ ဘင်္ဂဉာဏ်ရှိမယ်။ အခုဆိုရင် ယထာဘူတဉာဏ်နော် ယထာဘူတဉာဏ်ပြီးလို့ရှိရင် ဘင်္ဂဉာဏ်ရောက်မယ်။ ဘင်္ဂကနေပြီးတော့ ဘယဉာဏ်ရောက်မယ်။ ဘယဉာဏ်ရောက်ပြီးတော့ ဘယဉာဏ်ကနေပြီးတော့မှ အာဒိနဝဉာဏ် ရောက်မယ်။ ပြီးရင် နိဗ္ဗိဒါဉာဏ်ရောက်မယ်။ နိဗ္ဗိဒါဉာဏ်ရောက်ရင်မုန်းတယ်။ မလိုချင်တော့ဘူး။ အဲဒီအထိရောက်အောင် သွားရမယ်။ ဟုတ်လား။ အဲ့တော့ အခုလောလောဆယ် ရှိတာက ယထာဘူတဉာဏ်မှာရှိတယ်။ ဟုတ်လား အဲ့တော့ ဘင်္ဂဉာဏ်ကို စိတ်ထဲမထားနဲ့ စိတ်ဖြစ်ပျက်တွေကို စိပ်အောင်ရှု ဒီအချိန်မှာ အပျက်ကြီးပဲမြင်ဖို့ ခေါင်းထဲမထည့်နဲ့ အဖြစ်အပျက်ကို အဖြစ်ကိုပါမိအောင်လိုက် အဖြစ်ကော အပျက်ကောနှစ်ခုလုံးမိအောင်လိုက် ဖြစ်ပြီးပျက်တယ် ဖြစ်ပြီးပျက်တယ် ဖြစ်ပြီးပျက်တယ် ဖြစ်ပြီးပျက်တယ် အဲ့လိုမျိုး ဖြစ်ပြီးပျက်တယ်လို့ လိုက်နေရတာ အဖြစ်လည်းသိရမယ် အပျက်လည်း သိရမယ် အဲ့လိုမျိုးလိုက်နေ အဖြစ်လည်းသိရမယ် အပျက်လည်းသိရမယ် အဲ့လိုလိုက်ရမယ် လိုက်တဲ့ဟာက ကျွန်တော်တို့က တတ်နိုင်သလောက် ဒီကြားထဲမှာ များများစိပ်နိုင်သလောက် စိပ်အောင်သွားရမယ် ဒါဆိုကျွန်တော်အသေးစိတ်ခွဲပြတာပေါ့ ဟုတ်တယ်မလား အသေးစိတ်ခွဲပြတယ် လမ်းလျှောက် သွားတယ်ဆိုတဲ့ ဖြစ်စဉ်လေးတစ်ခုကို အသေးသေး ခွဲပြတာ။ ဘာပဲသွားဖြစ်လဲ ဆိုတော့ခုနက ပြောတဲ့စိတ်ဆယ့်လေးမျိုးပဲ သွားရောက်တာပဲ အဲ့စိတ်ဆယ့်လေးမျိုးကိုသာ ရှုနေ ဟုတ်လား ဒါကတော့ပိုပြီးရှင်းသွားအောင် ပြောပြတာနော် ပိုမြင်အောင်လို့ပြောပြတာ အဲ့တော့စိတ်ဆယ့်လေးမျိုး အတိုင်းပဲပေါ့နော်ရှု အဲ့ဒါပဲရှုနေရမှာ အဲ့တော့ အဲ့ဒါတွေကို ကျွန်တော်တို့ကစိတ်ထဲရှုလိုက်တော့ ပရမတ်ကိုရှုတဲ့သဘော ဖြစ်သွားတယ် ဒီနေ့ပြောတဲ့အရေးကြီးရဲ့သဘောကပညတ်ကိုမရှုနဲ့ပရမက်ကိုရှု။ ဟုတ်လား အကြံအတွေး ပေါ်လာတယ် အကြံအတွေးက ဘာကြောင့်ကြံတွေးတယ် အဲ့ဒါကဖြစ်ပြီးပျက်သွားတယ် မရှုနဲ့ ကြံတွေးစိတ်ဖြစ်ပျက်တယ် ဒီလိုပဲရှု ကြံတွေးစိတ်ကလေးတွေက ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက် ဖြစ်စိတ်လေး အဲ့ဒါတွေကို စိပ်နိုင်သလောက်စိပ်အောင်ရှု ဟုတ်လား ။ ဒီကော်ဖီခွက်ကို ကိုပါးစပ်ထဲထည့်တဲ့ အချိန်မှာတော့ အရသာသိစိတ်က တစ်ခုပြီး တစ်ခုဖြစ်တာ။ အရသာသိစိတ် တစ်ခုဖြစ်တယ်။ ပြီးတော့ လက်ကိုလှုပ်ချင်စိတ်ထပ်ဖြစ်တယ်။ ဟုတ်လား။ ပြီးလို့ရှိရင် အရသာသိစိတ်လေး တစ်ခါထပ်ဖြစ်တယ်။ လိုချင်စိတ်ထပ်ဖြစ်တယ်။ လက်ကိုလှုပ်ချင်စိတ်ထပ်ဖြစ်တယ်။ အဲ့လိုမျိုးဖြစ်ပျက်တွေက အရမ်းစိပ်တယ်။ အဲ့တာကို တတ်နိုင်သလောက် စိပ်အောင်ရှု များများရှု နောက်ကျလို့ရှိရင် ဘင်္ဂရောက်လို့ရှိရင် ဘင်္ဂမှာ ဘယ်လိုဖြစ်ရလဲဆိုတော့ အပျက်တွေဆက်တိုက်ကြီး ကိုဖြစ်နေရမယ်။ အဲ့လောက်ထိကို ဉာဏ်ကိုဉာဏ်နဲ့ရှူ့တဲ့ အခါကျတော့မှ မြင်သာတယ်။ အဲ့လိုမျိုးဖြစ်ရမယ်။ အဲ့တော့ အဲ့ ကို သွားတဲ့အခါဘင်္ဂဉာဏ် လောက်ရောက်လို့ရှိရင် ဘာမှသိပ်စိတ်ပူစရာမရှိဘူး။ ဒါပေမဲ့ ဒီဖြစ်ပျက်ကို စမြင်ပြီဆိုလို့ရှိရင် မိုးကုတ်ဆရာတော်ကဘာပြောလဲဆိုတော့ ဒါအာရုဏ်တက်တာပဲတဲ့။ အာရုဏ်တက်လို့ရှိရင် နိဗ္ဗာန်ဆိုတာ နေထွက်တာ။ အာရုဏ်တက်ပြီဆိုတာ နဲ့ တပြိုင်နက် နေထွက်ဖို့ဆိုတာ ကျိန်းသေ နေတယ်။ အဲ့တော့ဖြစ်ပျက်ကို တကယ်မြင်ပြီဆိုလို့ရှိရင် ပူစရာမလိုဘူး။ အဲ့တော့ဖြစ်ပျက်ကိုပဲ ရအောင်လိုက်ရှု ဟုတ်လား။
ဦးမောင်မောင်။ ။နောက်ထူးခြားတာလေတစ်ခုဆရာကိုပြောရမယ်။ ထူးခြားတာဘယ်လိုလဲဆိုတော့သူက very sensitive လို့ပြောရမယ်။ ဒေါသဖြစ်စရာ တစ်ခုကိုပြောလိုက်လို့ရှိရင် ကိုယ်ကလည်း တုံ့ပြန်လိုက်တယ်။ အဲ့ဒါဆိုပူသွားတယ် ဒေါသ သဘာဝ ပူသွားတယ် ပြီးတော့သူက energy တွေရုပ်သွားသလို အဲ့ဒါချက်ချင်းသိတာ
အဲ့လိုလည်း သိလည်း သိပြီးတော့ တော်ပြီ ငါဒီသူပြောတဲ့ဟာကိုမလုပ်တော့ဘူး ဒါကိုလည်းလုပ်တယ် မေ့ပစ်လိုက်တယ်ဆို အဲ့လိုဖြစ်တာ။
ကျနော်။ ။အဲ့လိုအခြေအနေရလည်း ဒေါသစိတ် ဖြစ်ပျက်သွားတယ် လို့ပဲရှု။ ဒေါသစိတ် ဖြစ်ပျက်သွားတယ် ဒုက္ခခံစားစိတ် ဖြစ်တယ် ဟုတ်လား ခန္ဓာကိုယ်ပူလာ တာ ဒုက္ခခံစားစိတ်ဖြစ်တယ်။ ဒေါသစိတ်ဖြစ်တယ်။ ဒုက္ခခံစားစိတ်ဖြစ်တယ်။ အဲ့လိုပဲရှုရတယ်။ အဲ့ဒီမှာ အကောင်းအဆိုးကြီးတွေ ဘာတွေမဝေဖန် နဲ့ ပျက်နေတာသည် အကြောင်းအကျိုး ဖြစ်ပျက်နေတာတော့ ရှောင်လို့မရဘူး။ အဲ့တော့ဒေါသစိတ်ဖြစ်တယ်။ ဖြစ်ပြီးပျက်သွားတယ်။ အဲ့ဒါပဲရှုကျန်တဲ့ လောကီကိစ္စ တွေးတာတော့တွေးပေါ့။ ဟုတ်လား။ ဒေါသစိတ်က မကောင်းဘူးပေါ့။ ဒီလိုမျိုးတွေးတာတော့ တွေးပေါ့။ သူကမဂ္ဂကျတော့ ဘယ်နေရာမှာ သွားမလဲဆိုတော့ ဒုက္ခဆိုတဲ့နေရာမှာ သွားမှာ ဒုက္ခဆိုတာနေရာ သိလာတဲ့အချိန်ကျမှသွားမှာ အဲ့တော့စိတ်မပူနဲ့ အခုက အနိစ္စသွားနေတယ် အနိစ္စသွားနေပြီး အနတ္တကိုကူးမယ် ပြီးရင် ကျွန်တော်ဒုက္ခကို တစ်ခါတည်းအတွက် ပြောမယ် အဲ့အချိန်ကြတော့မှ ဒုက္ခဆိုတဲ့သဘောကို ကောင်းကောင်းသဘောပေါက်မယ် အဲ့တော့ အဲ့ဒီဒုက္ခဆိုတဲ့ သဘော သဘောပေါက်လည်း တကယ် တကယ် သဘောပေါက်တာလားဆိုတော့ မဟုတ်သေးဘူး အနတ္တကိုအဆုံးထိ ထပ်မြင်ရဦးမယ် အဲ့တော့မြင်တော့မှ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အဲ့ဒီသုခဆိုတဲ့အယူကြီးပျောက်ဖို့က တော်တောကိုခဲယဉ်းတယ် ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဥပမာ သုခဆိုတဲ့အယူရှိလို့ ကိုယ်ကထမင်းစားတာတို့ ရေသောက်တာတို့ ဘာလုပ်တာတို့ ညာလုပ်တာတို့ အဲ့ဒါတွေလုပ်နေတာ သုခဆိုတဲ့အယူအောက်မှာ ယူပြီးလုပ်နေတာ ဥပမာ ကိုယ့်သားသမီးနဲ့ တွေ့ရတယ် တွေ့ရတဲ့အခါမှာ သောမနသ ဖြစ်တယ် အဲ့သောမနသကို သုခလို့ယူထားတယ် ယူထားတဲ့အခါကျတော့ ကိုယ့်သားသမီးလေး နဲ့ တွေ့ချင်လိုက်တာ ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ချင်လိုက်တာ ဥပမာ ကိုယ်နေမကောင်းဖြစ်နေပြီပေါ့ ဟုတ်တယ်မလား ကိုယ့်အတွက် အခြေအနေမကောင်းလို့ ခံစားရတယ်ပေါ့ အဲ့ဒါဆို သားသမီးလေးတွေ့ချင်လိုက်တာ မျိုး ဘာဖြစ်လို့လဲ စွဲစွဲနစ်နစ်ကြီးကိုသားသမီးကို တွေ့ချင်နေတယ် ဘာဖြစ်လို့လဲ အဲ့တာကြီးကိုသုခလို့ယူဆထားလို့ အဲ့သုခကို အတင်းလိုက်တာ သောတပန်ဆိုတာ ဘာဖြစ်သွားလဲ အဲ့သုခနောက်ကို အဲ့လိုအတင်းမလိုက်တော့ဘူး မလိုက်တော့ဘူး အဲ့လိုဖြစ်သွားတာ ဥပမာ ဆိုအခုပိုက်ဆံကိစ္စက အခုဘာမှမဖြစ်သေးလို့ပေါ့ ဥပမာဦးမောင်မောင်အနေနဲ့ ပိုက်ဆံသိန်းတစ်သောင်း လောက်ရမယ်ပေါ့။ ဆိုရင် ဟာ ကြိုးတော့ ကြိုးစားရမယ် ဟိုဟာလုပ်ရမယ်။ ဒီဟာလုပ်ရမယ်။ နည်းနည်းအလုပ်လုပ်ရမယ်။ ပိုက်ဆံသိန်း ၁၀၀ ရမယ်ဆို လိုက်မှာ။ ဟုတ်တယ်မလား။ အဲ့နောက်ကိုလိုက်မှာ။ အဲ့တာဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံသိန်းတစ်ရာ ရတာသည်သုခလို့ စွဲစွဲမြဲမြဲကြီး ယူဆထားလို့ဟုတ်လား။ တကယ်တကယ်ကျတော့ ပိုက်ဆံသိန်းတစ်သောင်းရတာနဲ့ ဥပမာ သောမနဿဝေဒနာဖြစ်တာနဲ့ ဒေါမနဿဝေဒနာ ဖြစ်တာနဲ့တူတူပဲ။ ဒါကလည်းဖြစ်ပြီးပျက်တာပဲ။ ဒါကလည်းဖြစ်ပြီးပျက်တာပဲ။ ဆိုပြီးတော့သေချာကြီးသဘောပေါက်တယ်။ အဲ့ဒါကလည်း သုခမဟုတ်ဘူးလို့ သေချာသဘောပေါက်တယ်ဆိုတာ အဲ့တာက သောတပန်မှာဖြစ်တာ။ အဲ့လိုဖြစ်ရင် သောတပန်က အဲ့ဒါကိုမလိုက်တော့ဘူး။ မလိုက်တော့ဘူး ဥပမာ လွယ်လွယ်ကူကူရရင်တော့ လိုက်မှာပေါ့ ဘာကြောင့်လဲဆိုတော့ သုခဆိုတဲ့အသိရှိသေးတယ် ဥပမာ သိန်းတစ်သောင်းမရတာနဲ့ ရတာနဲ့ သိန်းတစ်သောင်းရတာ ကိုယ်ကောင်းတာပေါ့ ဒါပေမဲ့ ပုရွက်စိတ်တစ်ကောင်ကိုသတ်မှ သိန်းတစ်သောင်းရမယ်ဆိုရင် မလုပ်တော့ဘူး ပုထုဇဉ်က ကျတော့မထူးပါဘူးကွာ ဆိုပြီးတော့ လုပ်လိုက်မယ် ဟုတ်လား အဲ့လိုပဲ ဥပမာ အရက်တစ်ခွက်သောက်မှ သိန်းတစ်သောင်းရမယ်ဆို သောတပန်မလုပ်တော့ဘူး ပုထုစဉ်ကတော့ မထူးဘူးလေ၊ ဟုတ်တယ်မဟုတ်လား အရက်လေးတစ်ခုနဲ့တော့ ဘာထူးမှာလဲ သိန်းတစ်သောင်း လွယ်လွယ်လေးရမှာဆိုပြီး အဲဒီသဘောလေးတွေ ကွာသွားတယ် အဲ့တာကြောင့်မလို့ အဲ့လိုမျိုး မလိုချင်တဲ့ သဘောမျိုးပေါ့ ဟိုသီလကိုပေါက်ပြီးတော့ မလိုချင်ဘူးပေါ့ အဲ့လိုစိတ်မျိုးရှိတဲ့ဟာကို ကျွန်တော်တို့က ဘာခေါ်လည်း အပ္ပိစ္စဂုဏ်လို့ခေါ်တယ် မလိုချင်တဲ့ဟာကို ဂုဏ်မှတ်တာ မမှတ်တာ မဟုတ်ဘူး ဂုဏ်ဆိုတာကပုထုဇဉ်ရဲ့အရာ လို့ခေါ်တယ် ဂုဏ်ဆိုတာ ဥပမာ ကျွန်တော့် စာဖတ် တဲ့သူတွေ တချို့တွေက ကျတော့သူသောတာပန် အကြောင်းဖွင့်ပြောတယ်။ သူကဂုဏ်မတ်လို့ ပြောချင်ကြတယ်။ တကယ်က ဘာမဟုတ်ဘူး အဲ့ဒီဟာတွေက သူတို့တွေးတာ ကျွန်တော်တို့အရိယာ ခေါင်းထဲမှာ အဲ့ဒါစဉ်းစားလို့မရဘူး။ ဂုဏ်ဆိုတဲ့သဘောကို စဉ်းစားလို့မရဘူး။ ဒုက္ခကြီးပဲ။ အဲဒီအရာကြီးမှာ ကျွန်တော်တို့က ဘာကွာခြားပြီးတော့ ဘာမက်ရမှာလဲ ဆိုတာ စဉ်းစားစရာမရှိဘူး ။ အဲဒီသဘောကိုနားမလည်သေးတဲ့ အခါကျတော့ ပုထုဇဉ်တွေအမြင်မှာက ကျတော့ ဟိုဟာဖြစ်တယ်။ ဒီဟာဖြစ်တယ်။ ကျွန်တော့် အတွက်က ဘာလို့ပြောရလဲဆိုတော့ အဓိက ဦးမောင်မောင်တို့လို လူမျိုးပေါ့ အဲ့လိုမျိုးတွေ ပေါ်လာအောင်လို့ ကျွန်တော်ကပြောတယ် အဲ့တော့ပေါ်လာတဲ့အခါ ကျတော့ ကျွန်တော်တရားဟောလို့ရတယ် တရားဟောလို့ရတယ်လို့ရှိရင် တစ်ယောက်အကျိုးရှိသွားရင် ကျွန်တော်ကကျေနပ်တယ် ကျွန်တော်အတွက် အဓိကရည်ရွယ်ချက်ဆိုတော့ အဲ့ဒါပဲသွားချင်တာ ဦးမောင်မောင် လည်းလုပ်ပါ အဲ့တော့ ဖြစ်ပျက်ကိုစိတ်အောင်ရှု၊ တခြားအယူအဆတွေဘာတွေ စွဲတာတွေ ဘာရှိသလဲ။ တခြားအယူတွေ ယူထားတာတွေ ဘာရှိသေးလဲ။
ဦးမောင်မောင်။ ။မရှိတော့ပါဘူး။ ဒါပေမဲ့ စူဠသောတာပန်က ဘယ်အခြေအနေလောက်ကို စူဠသောတာပန် သတ်မှတ်ရမလဲ။
ကျနော်။ ။ ဖြစ်ပျက် မြင်တယ် ခန္ဓာ အာယတန ဓာတ် သစ္စာ သိတယ်ပေါ့။ အခုဆိုရင်သိနေပါပြီ ရုပ်နာမ်သိတယ်ဆို ခန္ဓာကိုသိတယ်ပေါ့။ ဟုတ်တယ် အာယတနဆိုတာ သဠာယတနကိုခေါ်တာပဲ။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် အာယတနပေါ့။ ဓာတ်ဆိုတာ ဓာတ်ကြီးလေးပါးကိုပြောတာ ဓာတ်ကြီးလေးပါး ဝါယောရုပ်တို့ ဘာတို့သိတယ်ပေါ့။ အဲ့ဒါပြီးတော့ သစ္စာပေါ့ သစ္စာဆိုတော့ သစ္စာလေးပါးကိုသိတယ်ပေါ့။ အဲ့တာပဲ။ အဲ့ဒါသိတယ်။ နောက်ပြီးတော့ဖြစ်ပျက်မြင်တယ်ပေါ့။အဲ့ဒါဆိုစူဠသောတာပန်လို့ပြောကြတယ်။
ဦးမောင်မောင်။ အဲ့တော့စူဠသောတပန်ကအပါယ်ကျနိုင်သေးလား။
ကျနော်။ ။ အဲစူဠသောတပန်ဆိုတာက ကျွန်တော်ပြောတာက အခုလောလောဆယ်မှာ က သောတာပန် မဖြစ်မချင်း သူကအေးအေးဆေးဆေး နေလို့မရဘူး။ မရဘူး။ သောတပန်ဖြစ်သွားပြီ ဆိုလို့ရှိရင်တော့ ဂျွန်းထိုးပြီးတော့နေ ဂျွန်းထိုးနေရင်းနဲ့ မိုးကြိုးပစ်ကျလို့သေသွားလည်း အပယ်မကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာအမောဟကအမြဲရှိနေလို့ ဒါပေမဲ့ ပုထုစဉ်မှာက အမောဟ မရှိဘူး။ မရှိတဲ့အခါကျတော့ ဘယ်လိုလုပ်ရလဲဆိုတော့ အမြဲဖြစ်ပျက်ရှုနေရတယ်။ ဖြစ်ပျက်ရှုနေတဲ့အချိန်မှာ သေသွားလို့ရှိရင်တော့ အပါယ်လွတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ကျွန်တော်ပြောသလိုပဲ လေ လောဘနဲ့သေတယ်။ ဒေါသနဲ့သေတယ်။ မောဟနဲ့သေတယ်။ ဒါဆို အပါယ်ကျတယ်။ ဒီလိုမဟုတ်ပဲနဲ့ အနိစ္စမြင်နေရမယ် အနတ္တမြင်နေမယ် ဒုက္ခမြင်နေမယ် အဲ့လိုမြင်နေတဲ့အချိန်မှာ ဖြစ်လို့ရှိရင် တစ်ဘဝစာ အပါယ်လွတ်တယ်လို့ ပြောကြတယ်။
ဦးမောင်မောင်။ ။ဟုတ်ကဲ့။

Leave a Reply