တရားအားထုတ်တယ်ဆိုတာ မျက်စိမှိတ်ပြီး တစ်နေရာရာကို ရောက်သွားဖို့ ကြိုးစားတာမဟုတ်ပါဘူး။ အခု ဖြစ်နေတာကို အခု သိနေဖို့ပါပဲ။
ဖုန်းသုံးနေရင် သုံးနေမှန်းသိပါ၊ လမ်းလျှောက်နေရင် လျှောက်နေမှန်းသိပါ။ အတွေးတစ်ခု ဝင်လာရင် “အတွေးပေါ်လာပြီ” လို့ သိလိုက်ရုံပါပဲ။ အဲဒီအတွေးကို လိုက်မတွေးနဲ့၊ ဖြတ်လည်းမပစ်နဲ့။
ကြည့်နေရင်းနဲ့ပဲ အဲဒီအတွေးဟာ အလိုလို ပျောက်သွားတာကို တွေ့ပါလိမ့်မယ်။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတဲ့ အရာတွေထဲမှာ “ငါ” ဆိုတာ ဘယ်နားမှာ ပါသလဲလို့ ရှာကြည့်ပါ။
သိနေရုံသက်သက်ကပဲ လွတ်မြောက်မှုရဲ့ အစပါ။

Leave a Reply