“ငါ စိတ်ညစ်နေတယ်” လို့ ပြောမယ့်အစား “စိတ်ညစ်တဲ့ ခံစားချက်လေး ဖြစ်နေတယ်” လို့ တစ်ချက်လောက် ပြောင်းစဉ်းစားကြည့်ပါ။
တကယ်တော့ စိတ်ညစ်တာက သူ့အကြောင်းနဲ့သူ ဖြစ်တာပါ။ မိတ်ဆွေက ဖြစ်ခိုင်းလို့ ဖြစ်တာမဟုတ်သလို၊ မဖြစ်နဲ့လို့ တားလို့လည်း မရပါဘူး။ ကိုယ်မပိုင်တဲ့အရာကို “ငါ” လို့ သွားစွဲထားတော့ ပူလောင်ရတာပေါ့။
နေ့စဉ်ဘဝမှာ ကြုံသမျှ အာရုံတွေကို “ငါ့ဟာ” မဟုတ်ဘဲ “သူ့သဘောသူဆောင်နေတဲ့ ဖြစ်စဉ်” လို့ မြင်ကြည့်ပါ။ ဇာတ်ညွှန်းမရှိတဲ့ ပြဇာတ်တစ်ခုကို ထိုင်ကြည့်နေသလိုမျိုးပေါ့။
ဘာမှ ပိုင်ဆိုင်မထားတာကို သိရင် ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါဘူး။

Leave a Reply