မင်္ဂလာပါ…

ကျွန်တော့်ရဲ့ HtetAungWriter ဝဘ်ဆိုက်လေးကို ဒီနေ့ကစပြီး တရားဝင် စတင်လိုက်ပါပြီ။ ဒီနေရာလေးဟာ အရှိကိုအရှိအတိုင်း မြင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဓမ္မမိတ်ဆွေတွေ၊ ဝိပဿနာခရီးသွားတွေအတွက် အေးချမ်းတဲ့ နားခိုရာတစ်ခု ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ” ဆိုတဲ့ ပညတ်အုံတွေကြားမှာ ပိတ်မိနေကြပါတယ်။ ဒီဝဘ်ဆိုက်မှာတော့…

  • အမှားမြင်နေတဲ့ သာသနာရေးရာ အယူအဆတွေကို ဘယ်လိုပြုပြင်မလဲ?
  • “အားထုတ်သူမရှိ” ဆိုတဲ့ အနတ္တအမြင်နဲ့ ဝိပဿနာကို လက်တွေ့ကျကျ ဘယ်လိုရှုမှတ်မလဲ?
  • သံသရာက လွတ်မြောက်ကြောင်း လမ်းပြမြေပုံဖြစ်တဲ့ သစ္စာတရားတွေကို ဘယ်လို မျက်မှောက်ပြုမလဲ?

စတဲ့ အကြောင်းအရာတွေကို ကျွန်တော့်ရဲ့ အတွေ့အကြုံ၊ လေ့လာမှုတွေနဲ့အတူ ရိုးရှင်းစွာ မျှဝေသွားမှာပါ။

ဒီနေရာလေးကို လာရောက်လည်ပတ်ကြတဲ့အတွက် တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတူတူ အမှန်တရားဆီကို လျှောက်လှမ်းကြရအောင်ပါ။

ထက်အောင်


Leave a Reply

Your email address will not be published. Required fields are marked *